~11~

5.4K 468 102
                                    

Unicode

တစ်မနက်လုံး မြူမင်းလွင်ပြင်တစ်ယောက် နာရီတကြည့်ကြည့်ဖြစ်နေ၏။ ထိုင်မရထမရဖြင့် အိန္ဒြေမရဖြစ်နေကာ အလုပ်တွင်ပင် အာရုံမစိုက်နိုင်။ အကြောင်းမှာမူ သွင်ယသော်နိုင်ကြောင့်သာဖြစ်လေ၏။ ၉နာရီခွဲလုခွဲခင်ဖြစ်နေလေသော်လည်း သွင်ယသော်နိုင်တစ်ယောက် ပေါ်မလာသေး။ ဥက္ကဌ မြူမင်းလွင်ပြင်တစ်ယောက် ဖင်တကြွကြွဖြစ်နေလေတော့သည်။ သူ့ကိုယ်သူ ဆန်းစစ်နေသည့်အတော်အတွင်းတွင် သွင်ယသော်နိုင့်အား မမြင်ရလျှင် မနေနိုင်သည်​မှာတော့ ငြင်းမရ။ အခြားမည်သူ့အပေါ်တွင်မှ အရေးမလုပ်ဖူး၊ ဂရုမစိုက်ဖူးသည့် မြူမင်းလွင်ပြင် ထိုဂျစ်တူးကလေးကိုမှ မမြင်ရမနေနိုင်ဖြစ်နေလေသည်လေ။

"ဒေါက်....ဒေါက်....ဒေါက်..."

ကျယ်လောင်စွာ ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် အခန်းတွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေရာမှ ဆုံလည်ထိုင်ခုံပေါ် အလျင်အမြန်ပြေးထိုင်ရသည်။ မြူမင်းလွင်ပြင်မှာ ဥက္ကဌတို့၏ imageကိုလည်း ထိန်းချင်သေးတာမို့ ခြေထောက်တစ်ဖက်ချိတ်ထိုင်လိုက်ကာ စားပွဲပေါ်ရှိ တွေ့သည့် ဘောပင်တစ်ချောင်းအား ကောက်ကိုင်ကာ စတိုင်လ်ထုတ်နေလိုက်တော့သည်။

ထိုအချိန် အခန်းတွင်းသို့ သွင်ယသော်နိုင်ဝင်လာလေတော့သည်။ သူ့ခြေသံ ခပ်ဖြည်းဖြည်းကို မြူမင်းလွင်ပြင် သတိမထားသလိုလိုဖြင့် ဂရုစိုက်နေမိသည်။ ပြီးနောက် သူ့စားပွဲပေါ်သို့ ကော်ဖီတစ်ခွက်အား ဖြည်းညှင်းစွာ ချပေးလာလေတော့သည်။

"ကော်ဖီရပါပြီ ဥက္ကဌ...."

ထိုအသံ​နောက် သွင်ယသော်နိုင်အား သူမော့ကြည့်လိုက်တော့သည်။

"အမလေးဗျာ!!!!!"

မြူမင်းတစ်ယောက် လန့်ဖြန့်သွားရကာ ဟန်ထုတ်ထားသော ဘောပင်သည်ပင် လွတ်ကျသွားရတော့သည်။ သူ့ရှေ့ရှိ ဆံပင်ဘုတ်သိုက် မျက်ကွင်းညိုညိုနှင့် ကြောက်စရာလူသားမှာ မည်သူပါလိမ့်။ အဝတ်အစားများမှာ တွ့န်ကြေနေပြီး ငိုယိုထားသည်ကြောင့်လားမသိ မျက်ခွံများလည်း မို့အစ်နေသည်။ မျက်လုံးအကြည့်များမှာလည်း အသက်မဲ့နေပြီး မြူမင်းလွင်ပြင်အား တွေတွေကြီး ငေးကြည့်နေလေသည်။ မြူမင်း လန့်ဖြန့်အော်ဟစ်သည်ကိုပင် တုံ့တုံ့မလှုပ်သည့် ထိုကောင်လေး​။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now