~19~

4.3K 357 34
                                    

Unicode

"~~ပျင်းမနေနဲ့!!! ပျင်းမနေနဲ့!!!~~
~~ထကြွနိုးကြွားလုံ့လရှိကြ~~
~~ပျင်းမနေနဲ့!!! ပျင်းမနေနဲ့!!!~~
~~တို့ခေတ်သမိုင်းသစ် လမ်းသစ်ဖွင့်ဖို့~~"

"လမ်းသစ်လည်း မဖွင့်ချင်ဘူး!!! ငါးမိနစ်ပဲ ထပ်အိပ်ချင်တယ်...."

သွင်သွင်တစ်ယောက် အော်ဟစ်လိုက်တော့၏။ သို့သော်လည်း ထုံးစံအတိုင်း မျက်လုံးကမပွင့်သေးပေ။ သူတို့ရောက်နေသော ရွာကလေးမှာ မနက်အစောပိုင်းဆိုလျှင် အနည်းငယ် အေးတတ်သည်ကြောင့် သွင်သွင်ကလေးမှာ စမ်းတမ်းစမ်းတမ်းဖြင့် နွေးသည့်နေရာသို့ တိုးဝင်သွားလေ၏။ ဖက်လုံးဟုထင်ရသော ထိုအရာမှာ အတော်နွေးလွန်းသည်ကြောင့် ခွ၍ပင် အားပါးတရထပ်ဖက်ထားလိုက်မိသည်။ အလိုက်မသိ ဆက်လက်အော်မြည်နေသော ဖုန်းalarmကိုတော့ လျစ်လျူသာရှုထားလိုက်တော့သည်။

"ထတော့လေ သွင်...ကိုယ်တို့ လုပ်စရာတွေအများကြီးရှိသေးတယ်လေ...."

နားထဲ ဥက္ကဌအသံအား ကြားလိုက်သလိုလိုပင်။ ကြားတာမှ နားနားကပ်ပြီး ပြောနေသလို။ သို့ပေမဲ့ ဥက္ကဌက သူ့အား တကူးတကလာနှိုးနေစရာ ဘာအကြောင်းမှမရှိချေ။ ထို့ကြောင့် ထိုအသံအား လျစ်လျူရှုလိုက်ကာ ဖက်လုံးကိုသာ တင်းတင်းဖက်ထားမိတော့၏။

"ကိုယ်အသက်ရှူလို့မရတော့ဘူး....လွှတ်ပေးအုန်းလေ...."

"အမ်...အမ်!"

သွင်သွင်လေးတစ်ယောက် မျက်စိကျယ်သွားရကာ ဖက်လုံးအား လှမ်းကြည့်မိသည်။ ဖြစ်ချင်တော့ ထိုနွေးနွေးအရာကြီးမှာ ဖက်လုံးမဟုတ်ဘဲ ဥက္ကဌဖြစ်နေ၏။ တခဏကြောင်အ,နေပြီးနောက် အမြန်ဖယ်ခွာပေးမိသည်။ ဘယ့်နှယ် ကိုယ့်ဥက္ကဌကို ယောင်ပြီးဖက်စရာလား။ အတော်ရူးနှမ်းနေပါပြီလား သွင်သွင်ရယ်။

"ထတော့ အိပ်ပုတ်လေး....အောက်မှာ မနက်စာစားဖို့စောင့်နေကြပြီ...."

"ဟုတ်...ဟုတ်ကဲ့ ဥက္ကဌ..."

ဥက္ကဌက ထကာ အခန်းထဲမှ ထွက်သွားကာမှ သွင်သွင်တစ်ယောက် ကိုယ့်ခေါင်းကိုကိုယ် ပြန်ရိုက်မိတော့သည်။

*မနက်လင်းကတည်းက ပြဿနာတွေချည်းပါလား သွင်သွင်ရယ်...မင်းအဲ့လိုသာ ဆက်လုပ်နေရင်း ဥက္ကဌနဲ့ ကိုရေးခြားအဆင်ပြေအောင် ဘယ်လိုလုပ်ပေးနိုင်တော့မလဲ....*

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now