~17~

4.4K 377 61
                                    

Unicode

မနက်ဖြန်ကျရောက်မည့် ခရီးစဥ်အတွက် သွင်သွင်တစ်ယောက် စိတ်လှုပ်ရှားစွာ ပစ္စည်းပစ္စယာများ ထုပ်ပိုးနေတော့သည်။ သူ့ဘဝတွင် ထိုကဲ့သို့ အပျော်ခရီးထွက်ရခြင်းမှာမရှိသလောက်ရှားပါ၏။ ရှားမှာပေါ့လေ။ သူက မိဘမဲ့တစ်ယောက်ပဲ။ မိဘမဲ့တစ်ဦးက ဘယ်လိုအင်အားမျိုးနဲ့များ အပျော်ခရီးထွက်နိုင်မှာတဲ့လဲ။ မိဘမဲ့ဂေဟာမှာ ရှိခဲ့စဥ်အခါကလည်း တစ်နေ့တစ်နေ့ ဘယ်မိသားစုကများ သူ့ကို မွေးစားဖို့ရာ လာခေါ်ကြလေမလဲလို့ မျှော်ရသည်မှာလည်း လည်တဆန့်ဆန့်ဖြစ်လျက် မအားလပ်ပေ။ အဆုံး၌ သွင်သွင်ကလေးမှာ အချစ်မခံရသော ကလေးငယ်အဖြစ် ဂေဟာတွင် အသက်ကြီးသည်အထိ နေထိုင်ခဲ့ရတော့သည်။ လည်ကျိုးမတတ်မျှော်လင့်ခဲ့ရသော သူ့အပေါ် ချစ်ခင်မြတ်နိုးပေးပြီး အလိုလိုက်အကြိုက်ဆောင်မည့် မွေးစားမိဘများမှာတော့ ရောက်မလာခဲ့။

ဆယ်တန်းပြီးသည်အထိ ဂေဟာတွင် နေထိုင်ခဲ့ပါသော်လည်း ဂေဟာကသူနှင့် ရေစက်ဖြတ်ချင်နေခဲ့သည်။ ဟုတ်မှာပေါ့ အသက်ကြီးပြီး ချစ်စရာမကောင်းတော့တဲ့ သူတစ်ဦးကို ဘယ်ဂေဟာက ဆက်ထားချင်ပါတော့မှာလဲ။ 'ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်သင့်ပြီ'ဟူသော အသိဖြင့် မောင်းမထုတ်ခင် သူထွက်လာခဲ့သည်။ ထိုအချိန်တွင် ကြီးဒေါ်နှင့်ဆုံသည်။ ပြောသာပြောတာ သူ့ဘဝတွင် ကြီးဒေါ်နှင့်တွေ့ဆုံရခြင်းသည် အကောင်းဆုံးသော ကံကောင်းမှုဟု ပြောရမည်သာ။ ကြီးဒေါ်ကြီးအား အမေလိုတစ်မျိုး၊ အဒေါ်လိုတစ်မျိုး၊ အစ်မလိုတစ်မျိုး အားကိုးခဲ့ရလေသည်။ ကြီးဒေါ်ကြီးကြောင့်သာ တက္ကသိုလ်အား အဆင်ပြေပြေတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပေ၏။

သည်လိုဆိုတော့ ဘယ်မလဲ သူ့မယ် ခရီးထွက်ဖို့ အချိန်။ မရှိပါ။ သူက ဘာတွေအလုပ်ရှုပ်မှန်းမသိ အလုပ်ရှုပ်နေသူကလေးဖြစ်သည်။ ဂေဟာတွင်နေစဥ်ကလည်း ဂေဟာအပြင်သို့မထွက်။ တက္ကသိုလ်တက်စဥ်တွင်လည်း တက္ကသိုလ်၊ အချိန်ပိုင်းအလုပ်နှင့် ကိုယ့်အခန်းကိုသာ သွားချည်ပြန်ချည်လုပ်တတ်သည်။ ကျောင်းပိတ်ချိန်ဆိုလျှင် အလုပ်လုပ်ချိန်မှအပ ကျန်အချိန်များတွင် အိမ်တွင်းပုန်းကလေးလုပ်တတ်သည်။ စော်ကားပြောဆိုခြင်းတော့မဟုတ်ပေမဲ့ ဖူဂျီမများနှင့် ဖူဒန်အများစုမှာ အိမ်တွင်းပုန်းကလေးများဖြစ်ကြသည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now