Extra

5.5K 377 35
                                    

Unicode

"လူကြီးမင်းတို့တွေ့မြင်ကြတဲ့အတိုင်း သည်seriesရဲ့ အောင်မြင်မှုက အံ့မခမ်းပါပဲ...သည်မင်းသားနှစ်လက်နဲ့သာ ကျွန်တော်တို့ရဲ့ နောက်ထပ်ထွက်ရှိမဲ့ ထုတ်ကုန်အသစ်ကို ကြေညာလိုက်မယ်ဆိုရင် တကယ်ကို လူသိများပြီး အောင်မြင်သွားမယ်ဆိုတာ သေချာပါတယ်..."

ပရိုဂျက်တာရှေ့တွင် အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုရှင်းပြနေသော သွင်သွင်ကြောင့် အစည်းအဝေးခန်းထဲရှိ ရှယ်ယာရှင်တွေပင် အားတွေတက်လာကာ လှုပ်လှုပ်ရွရွဖြစ်သွားကြ​၏။

"နောက်ထပ်ဒီဇိုင်းသစ်ကလည်း ကျွန်တော်တို့ ဒီဇိုင်းဌာနရဲ့ အကောင်းဆုံးလက်ရာဖြစ်တဲ့ သူမတူတဲ့ ကုတင်တွေပဲဖြစ်ပါတယ်...သည်ကုတင်တွေကိုသာ သူတို့နှစ်ဦးနဲ့ ကြေညာလိုက်မယ်ဆိုရင်~~~~"

သွင်သွင်က သံရှည်ဆွဲကာပြောရင်း အမျိုးအမည်မသိ အပြုံးတစ်ခုပြုံး​၏။ ထိုအပြုံးကြောင့် အခန်းတွင်းမှ လူများ ကြောင်အမ်းအမ်းဖြစ်သွားရတော့သည်။

မြူမင်းကတော့ ထိုအပြုံး​၏ အဓိပ္ပာယ်ကို သိနေ​၏။

*သည်ကလေး အလုပ်လုပ်နေရင်း ဘယ်တွေဆီ အတွေးပေါက်နေသည်လဲမသိ...ကြည့်ရတာ ထပ်ပြီး အတွေးလွန်နေသလိုပဲ...*

မြူမင်း​၏ ထင်မြင်ချက်မှာ လုံးဝကို မှန်နေခဲ့သည်။ သွင်သွင်တစ်ယောက် အတွေးနွံနစ်နေပြန်ပါပြီ။ သွင်သွင့်အတွေးထဲတွင်...

*အား~~~သူတို့အတွဲရဲ့ ဟိုဒင်းဇာတ်ဝင်ခန်းတွေကိုတောင် မြင်ယောင်လာပြီကွာ~~~သည်လို ဖူဂျီ၊ဖူဒန်တို့ကြား နာမည်ကြီး ဟုန်းဟုန်းတောက်နေတဲ့ အတွဲနဲ့သာ ကြော်ညာလိုက်ရင်တော့လား....ပြောရရင် ကြော်ညာမဲ့ ပစ္စည်းနဲ့လည်း ဆက်စပ်မှုရှိတယ်လေ....ကုတင်ခန်းတွေ သိပ်ဟော့တဲ့ သည်အတွဲကို Lwin Pyin Groupရဲ့ ကုတင်ကိုသာ ကြော်ညာခိုင်းလိုက်ရင် ပရိသတ်တွေက ကိုယ်တို့ကုမ္ပဏီကုတင်ရဲ့ ခိုင်ခံ့မှုကို အပြည့်အဝယုံကြည်ကြမှာအသေအချာပဲ...တော်လိုက်တဲ့ ငါလေးပါလား...ဘယ်လောက်တောင် အတွေးအခေါ်အမျှော်အမြင်ရှိလိုက်လဲ...ကိုယ်နှစ်သက်တဲ့အရာနဲ့ အလုပ်ပေါ်မှာ အကျိုးရှိအောင် အသုံးချတတ်တဲ့ ငါလေးပါလား....*

You've reached the end of published parts.

⏰ Last updated: Jan 23, 2023 ⏰

Add this story to your Library to get notified about new parts!

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now