~10~

6.3K 515 106
                                    

Unicode

မျက်စိရှေ့ စာအုပ်စင်ပေါ်မှ BL ဝတ္ထုစာအုပ်များအား ကြည့်ကာ သူပြုံးမိပေမဲ့ ဘေးရှိ တောင့်တောင့်ကြီးရပ်ကာ ရှိနေသူကြောင့် သူ့မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ရှုံ့မဲ့သွားရတော့သည်။ ကိုယ့်ဘာသာကိုယ် ဝယ်ပါ့မယ်ဆိုလည်း မဟုတ် စာအုပ်ဆိုင်အထိ တကောက်ကောက်လိုက်လာကာ စာအုပ်ရွေးနေတော့လည်း ဘေးတွင် တောင့်တောင့်ကြီးရပ်နေသေးသည်။ bl ဝတ္ထုစာအုပ်စင်များရှေ့ ယောက်ျားလေးနှစ်ယောက်ရပ်ကာ စာအုပ်ရွေးနေကြသည်ကို စာအုပ်လာဝယ်ကြသော ကောင်မလေးများက ကွက်ကြည့်ကွက်ကြည့်ဖြင့်။ သွင်ယသော်နိုင်မနေနိုင်တော့၍ ဘေးရှိ ဥက္ကဌအား ခပ်တိုးတိုးပြောရတော့သည်။

"ဥက္ကဌ ကားထဲမှာ သွားစောင့်နေပါ့လား...ကျွန်တော် စာအုပ်ရွေးပြီးသွားတာနဲ့ လိုက်လာခဲ့မယ်လေ...."

"ကိုယ့်ကို ဂရုစိုက်မနေဘဲ အေးဆေးရွေးပါ...."

ရှူတည်တည်ဖြင့်ပြောလာပြန်သော ဥက္ကဌ။ ပြောမရသူအား ဆက်၍ပြောမနေတော့ဘဲ စာအုပ်သာ ဆက်၍ရွေးနေတော့သည်။ ရွေးနေရင်း ကိုယ့်အကြိုက်ဆုံး စာရေးသူ၏ စာအုပ်လေးအား တွေ့လိုက်ရချိန် လက်က ဦးစွာရောက်သွားတော့သည်။ သို့ပေမဲ့ ထိုစာအုပ်တစ်အုပ်တည်းတွင် စုဆုံသွားသော သူနှင့် အခြားတစ်ဦး၏ လက်တစ်စုံ။ မည်သူလဲဟု မော့ကြည့်လိုက်ချိန် တည်တင်းနေသော်လည်း ဆွဲဆောင်မှုရှိသည့် မျက်နှာတစ်ခုမှာ စောင့်ကြိုနေတော့သည်။

"ကိုယ်လည်း သည်စာအုပ်လေးက ကောင်းမယ်ထင်လို့...."

"ဥ...ဥ...ဥ..."

သွင်ယသော်နိုင် စကားထစ်နေသည်ကို ဥက္ကဌက ခပ်ဟဟရယ်ရင်း ထိုစာအုပ်အား ဆွဲယူလိုက်တော့သည်။ သို့သော် တစ်အုပ်တည်းမဟုတ် နှစ်အုပ်ပင်။

"ကျွန်တော် တစ်အုပ်ပဲ ယူမှာပါ..."

သူပြူးကြောင်ကြောင်လေးဖြင့် မော့ကြည့်ကာ ပြောမိတော့ ဥက္ကဌက ခပ်တိုးတိုးရယ်ရင်း သူ့အား တစ်အုပ်ထိုးပေးလာသည်။

"ကိုယ်လည်း မင်းကို တစ်အုပ်ပဲ ဝယ်ပေးမှာ...တစ်အုပ်က ကိုယ့်အတွက်..."

"ဗျာ!!!"

တစ်ခဏတော့ သွင်ယသော်နိုင် ကြောင်'အ'သွားပေမဲ့ ချက်ချင်းဆိုသလို ပြုံးလာလေတော့သည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now