~4~

6.5K 593 38
                                    

Unicode

သွင်ယသော်နိုင်၏ မျက်ကွင်းများညိုနေပြီး အကြည့်များသည်လည်း အသက်မပါသလိုရှိသည်။ ကော်ဖီခွက်ကြီးကိုင်လျက် အပေါ်ထပ်တက်ရန် ဓာတ်လှေကားရှေ့တွင် ရပ်စောင့်နေလိုက်သည်။ အနီရောင်နံပါတ်များ ပြောင်းလဲသွားသည်ကို ငေးကြည့်ရင်း ကော်ဖီအား တစ်ငုံမျှ မြိုချလိုက်တော့သည်။

"ဟူးးးးးး"

ကော်ဖီတစ်ငုံသောက်ပြီးသည်နှင့် သက်ပြင်းတစ်ခါတည်းချမိလေ၏။ ဖြစ်ပုံက သည်လိုပင်။

မနေ့ညက အခုတလော သဘောကျနေသည့် seriesလေးအား ကြည့်နေရင်း side coupleလေးအား အတော်သဘောကျမိတာမို့ သူတို့နှစ်ဦးအကြောင်းအား ဂလူးဂလူးခေါက်ကာ ရှာကြည့်လိုက်မိသည်။ သူတို့၏ momentများကိုလည်း ရှာရင်းဖွေရင်းနှင့် သူတို့ IG accဆီသို့ ခရီးရောက်သွားတော့၏။ သူတို့IG accထဲ အချိန်ကြာကြာ မွှေနေမိရင်း main leadထဲမှ သရုပ်ဆောင်မင်းသားသည် သူ၏ ig accတွင် အမည်မသိ အမျိုးသမီးတစ်ဦးပုံအား တင်ထားသည်ကို တွေ့ရလေသည်။ တစ်ပုံလည်းမဟုတ် နှစ်ပုံလည်းမဟုတ် ဖြစ်လာချိန်တွင် သွင်ယသော်နိုင် ရင်တဒိတ်ဒိတ်နှင့် facebookအား ဖွင့်လျက် ထိုcoupleနှင့် ပတ်သက်သမျှ newfeedတွေကို နားစွင့်နေလိုက်သည်။

တွေ့လိုက်ရပါပြီ။ အတော်အရှိန်ရောက်နေပြီဖြစ်သော ပွဲတော်ကြီးမှာ သွင်ယသော်နိုင်၏ newfeedပေါ်တွင် ဝင့်ဝင့်ကြွားကြွားနေရာယူနေလေ၏။ သွင်ယသော်နိုင် အနံ့ရနေသည်မှာ မမှားခဲ့ပါ။ ထိုမင်းသားနှင့် သတင်းအကြိမ်ကြိမ်ထွက်ခဲ့လေသော ထိုအမျိုးသမီးနှင့်ဆက်ဆံရေးအကြောင်းအား ရှင်းပြပေးရန် fanတွေဘက်မှ တောင်းဆိုကြသော်လည်း မင်းသားဘက်မှ မည်သို့သော ရှင်းလင်းချက်မှ ထွက်မလာခဲ့ပါ။ သို့နှင့် ထိုပွဲမှာ ထိုသို့ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်လေ၏။

သွင်ယသော်နိုင်သည်လည်း ပွဲတက်နေလျက် သွေးပွက်ပွက်အန်ချင်လာတော့သည်။ ထိုseriresမှာ ဇာတ်သိမ်းရန် လိုသေး၏။ ၅ပိုင်းတိတိ ဇာတ်သိမ်းရန် လိုသေးသည်။ ယခုအချိန်တွင်လည်း ထိုဇာတ်ကားမှာ အလွန်အမင်းနာမည်ကြီးနေသည်မို့ ထိုကဲ့သို့သော သတင်းများ ထွက်လာသည်မှာ အဆင်မပြေလှပါ။ ဘယ်လိုစိတ်နဲ့များ ဆက်ကြည့်ရမှာလဲလေ။ သွင်ယသော်နိုင်မှာတော့ အခုမှ သဘောကျ အခုတင်အသည်းကွဲဖြစ်ရသည်။ သူ၏ နာမည်ပြောင်မှာ "သဘေင်္ာမြုပ်ကြီး" ဖြစ်၏။ သွင်ယသော်နိုင် shipလိုက်သမျှသော သဘေင်္ာတို့မှာ မြုပ်မြုပ်သွားတတ်ခြင်းကြောင့်လေ။ ထို့ကြောင့် သွင်ယသော်နိုင်က shipပေးဖို့အစား မတွဲတွဲအောင် ကိုယ်ရောစိတ်ပါ အစွမ်းကုန် စွမ်းဆောင်ပေးလိုက်တတ်သည်။ ဒါမှလည်း သူ့သဘေင်္ာက မနစ်မှာလေ။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now