~2~

8.1K 681 123
                                    

Unicode

မြူမင်းလွင်ပြင်တစ်ယောက် မျက်မှောင်ကြုံ့လျက်သား မျက်စိရှေ့မှ ကော်ဖီခွက်ကို ကြည့်နေလေသည်။ သူ့နှုတ်ခမ်းတို့က တင်းတင်းစေ့ထားခြင်းခံရပြီး တွန့်ချိုးနေသော မျက်ခုံးတန်းများမှာ အလိုမကျမှုကို အထင်းသားပေါ်ပေါက်စေလေသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ...."

သြရှခက်ထန်နေသော ဥက္ကဌမြူမင်းလွင်ပြင်ရဲ့ အသံက ကျယ်လောင်မနေသော်လည်း ရှေ့ရှိ မတ်တပ်ရပ်နေသော ဝန်ထမ်းမလေး ကျောထဲစိမ့်ခနဲဖြစ်သွားရသည်။ သူမက ခေါင်းကို မဖော်တမ်း ငုံ့ချိုးထားလျက် ပြတ်တောင်းပြတ်တောင်းလေသံဖြင့် ဖြေကြားလာသည်။

"ဟို....ဟို....ဟိုလေ....."

"မင်းမှာ ရှင်းပြချိန် စက္ကန့်၂၀ရမယ်....."

"ရှင်...."

"ကြောင်အနေခြင်းက မင်းအချိန်တွေကို သပ်သပ်ဖြုန်းတီးနေခြင်းပဲနော်....."

"ကျွန်မ သည်မနက် ဥက္ကဌကို ကော်ဖီဖျော်ပေးဖို့အတွက် ကော်ဖီဖျော်တဲ့အခန်းထဲ ဝင်သွားခဲ့ပါတယ်! ဒါပေမဲ့ ဥက္ကဌသောက်နေကျ ကော်ဖီ ခွက်ကို ရှာမတွေ့ခဲ့ပါဘူး! ၉နာရီကလည်းခွဲတော့မှာဆိုတော့ ကျွန်မလည်း အလောသုံးဆယ်နဲ့ ခွက်အသစ်တွေထဲက တစ်ခွက်နဲ့ ဖျော်ပေးလိုက်တာပါ ဥက္ကဌ....."

ဝန်ထမ်းမလေးမှာ မနားမနေ တရစပ်ပြောသွားတော့၏။ ဝန်ထမ်းမလေး၏ စကားကို နားထောင်ပြီးချိန်တွင် ဥက္ကဌတစ်ယောက် မကျေနပ်သလို သက်ပြင်းချလျက် ခြေချိတ်ပြောင်းထိုင်လိုက်လေသည်။

"ခွက်အသစ်တွေမှာလေ မမြင်နိုင်တဲ့ ပိုးမွှားတွေ ရှိနေနိုင်တယ်ဆိုတာ မင်းမသိဘူးလား....ငါ့အတွက် သီးသန့်လုပ်ထားတဲ့ ကော်ဖီဖျော်ခန်းထဲက ငါ့ကိုယ်ပိုင်ခွက်က ဘယ်ကိုမှ ခြေထောက်ပေါက် ပြေးစရာအကြောင်းမရှိဘူး....မင်းအခု လုပ်ရမှာက သည်ခွက်ကို ပြန်ယူသွား....ငါ့ခွက်ကို ပြန်ရှာ....ငါ့ကိုယ်ပိုင်ခွက်နဲ့ပဲ ငါသောက်မယ်...."

"ဒါမဲ့ ကျွန်မ----"

အထွန့်တက်ချင်နေသော သူမအသံအား ထပ်မကြားချင်တော့တာမို့ လက်ဖြင့် ထွက်သွားရန် အချက်ပြလိုက်ရသည်။ သူမကလည်း အသံကို တိတ်ကာ ထွက်သွားတော့သည်။ ထိုအခါမှ မြူမင်းလွင်ပြင် သက်ပြင်းချနေမိတော့သည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now