~16~

4.6K 387 71
                                    

Unicode

ဥက္ကဌဖြစ်သူနဲ့ စျေးဝယ်ထွက်ရခြင်းဟာ ဒါ ပထမဦးဆုံးမဟုတ်ပါချေ။ သို့ပေသော်ငြား သွင်ယသော်နိုင်မှာ ရင်မတုန်ဘဲ မနေနိုင်ချေ။ အဲကွန်းအေးစိမ့်နေသော ကားလေးထဲ သွင်ယသော်နိုင်မှာ လက်တို့ကို အချင်းချင်းပွတ်တိုက်နေမိ၏။ ဒါဟာ ကားရဲ့ အအေးဓာတ်ကြောင့် ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ သွင်ယသော်နိုင့်အား အရိပ်တကြည့်ကြည့်ကြည့်နေသော မြူမင်းမှာ အပြစ်မရှိသော လက်နှစ်ဖက်အား အားကုန်ပွတ်တိုက်နေသည်ကို မြင်လိုက်ရသည်နှင့် ဒရိုင်ဘာအား ခပ်ဆတ်ဆတ်အမိန့်ပေးလိုက်တော့သည်။

"အဲကွန်း နည်းနည်းလျှော့...."

"ဟုတ်ကဲ့ ဥက္ကဌ...."

ထိုအသံကြောင့် ဘေးမှ သွင်ယသောနိုင်ကလေးမှာ လန့်ဖြန့်သွားရပါသော်လည်း ကာယကံရှင် ဒရိုင်ဘာလေးမှာ ကျင့်သားရနေပြီမို့ နည်းနည်းမျှပင် မဖြုံတော့။ သည်အေးစက်စက် ဥက္ကဌအကြောင်း သူနောကျေနေပြီဟု တိတ်တဆိတ်ရေရွတ်နေဟန်။ ထိုအချိန်တွင် ဥက္ကဌ၏ နောက်ဆုံးမော်ဒယ်လ်ကားလေးမှာ ကျွီခနဲ ထိုးရပ်သွားတော့သည်။ စောနက နည်းနည်းကလေးမှ မတုန်လှုပ်ခဲ့သော ဒရိုင်ဘာမှာ မျက်နှာကြီးမည်းမှောင်းသွားကာ ချွေးစေးများထွက်လာတော့သည်။ ထင်သည့်အတိုင်း ဥက္ကဌ၏ မောက်မောက်မာမာမေးသံထွက်ပေါ်လာတော့၏။

"ကားက ဘာဖြစ်သွားရတာလဲ...."

"ကျွန်တော်မသိ---"

"ဒရိုင်ဘာတစ်ယောက်လုပ်နေပြီး ကိုယ်မောင်းရမဲ့ ကားကို  အပြင်မထွက်ခင် မစစ်လာဘူးလား...မင်း----ဟွန်း...."

ဘေးမှ သူ့အား အပြူးသားလေးကြည့်နေသော သွင်ယသော်နိုင်ကြောင့် ကိုယ်ရှိန်သတ်လိုက်တော့သည်။ သည်ကောင်လေးက အစကတည်းက သူ့ကိုကြည်တာမဟုတ်။ သူ့အား အမြဲလိုလို တိတ်တဆိတ်ကျိန်ဆဲနေမှန်းသူသိတာပေါ့။ မင်းရာမသင်ပေးထားတဲ့အတိုင်းသာဆို ကိုယ်သဘောကျတဲ့လူရှေ့မှာ ကိုယ့်ရဲ့ နူးညံ့မှု၊ ကြင်နာမှုတို့ကိုပဲ ပြသရမတဲ့။ မြူမင်းအတွက် ထိုအရာက ခက်ခဲပေသော်လည်း ကြိုးစားကြည့်ရအုန်းမည်လေ။ မြူမင်းမှာ အသက်ကို တဝရှူသွင်းလိုက်ရင်း အသံကို တည်ငြိမ်ရန် ထိန်းလိုက်သည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now