~24~

4K 343 50
                                    

Unicode

သူ့ပေါင်ပေါ် ခပ်ဖြေးဖြေးပြေးလွှားနေသော ဥက္ကဌ၏ လက်တို့ကြောင့် သွင်သွင်တစ်ယောက် တစ်ခဏလောက် ကြက်သေသေသွားရသည်။ ပါးစပ်ထဲမှ ဝါးလက်စ အီကြာကွေးကိုပင် ဆက်မဝါးနိုင်ဖြစ်နေ၏။ သူ့အား စူးစိုက်ကြည့်နေသော ဥက္ကဌကြောင့် သူသည် အညှို့ခံနေရသော လူတစ်ဦးကဲ့သို့ ငေးမောသွားရသည်။ မိနစ်အနည်းငယ်မျှ ထိုအတိုင်း ရပ်တန့်နေမိရာမှ ဥက္ကဌ၏လက်တို့ သူ့ပေါင်အထက်ပိုင်းဆီ တက်လာသော်အခါ ဖျတ်ခနဲ လန့်၍ အော်ဟစ်လိုက်မိသည်။

"ဥက္ကဌ!!!"

ပလုပ်ပလောင်းစားထားသော အီကြာကွေး အဖတ်တွေသည်လည်း မျက်စိရှေ့မှ ဥက္ကဌ၏ မျက်နှာပေါ် ဖတ်ခနဲ သွားကပ်လေတော့သည်။

သွင်သွင်ကလေး ကြောင်သွားရပြီး သည်အတိုင်း ငြိမ်သက်သွားသော ဥက္ကဌကြောင့် လန့်ထိတ်လာရတော့သည်။ သူဘယ်လောက်ပဲညစ်ပတ်ပတ် စိတ်မကွက်ပါတဲ့ ဥက္ကဌဟာ သည်တစ်ခါတော့ သူ့ကို အလွတ်ပေးတော့မည်မဟုတ်။ မျက်နှာပေါ် ဝါးလက်စ အီကြာကွေးဖတ်များ ကပ်နေသည်ကို ဘယ်သူကများ သည်းခံနိုင်ပါမည်နည်း။ သွင်သွင်တစ်ယောက် ခေါင်းတစ်ခုလုံး ပူထူလာကာ ဂယောင်ဂတမ်းဖြင့် စားပွဲပေါ်က တစ်ရှူးဗူးထဲမှ တစ်ရှူးတို့ကို ယူကာ ဥက္ကဌ၏ မျက်နှာအား ခပ်ကြမ်းကြမ်းပြေးသုတ်ပေးမိတော့သည်။

"တောင်း...တောင်း...တောင်းပန်ပါတယ်...ဥက္ကဌ....ကျွန်....ကျွန်တော် လန့်...လန့်သွားလို့ပါ...."

အထစ်ထစ်အငေါ့ငေါ့ပြောရင်း မျက်နှာအား အကြမ်းပတမ်းပွတ်သုတ်ပေးနေသော သွင်သွင်ကြောင့် မြူမင်းမှာ ရယ်ရခက် ငိုရခက်။ အတင်းအကြမ်းပြေးလွှားနေသော သွင့်လက်ကလေးအား ဆွဲယူကာ ရပ်တန့်လိုက်ရတော့သည်။ မဟုတ်လျှင်လည်း မြူမင်းမျက်နှာ အရေခွံလန်တော့မည်ဖြစ်သည်။

"ရပါတယ်....ကိုယ် မျက်နှာသွားသစ်လိုက်အုန်းမယ်...သွင် ဆက်စားနှင့်နော်...."

"ဟင်...."

သွင်သွင်ကလေးမှာ မျက်လုံးကလေး ပေကလပ်ပေကလပ်ဖြစ်သွားရကာ ပါးစပ်ကလေး ဟလျက် အံ့သြနေတော့၏။ မြူမင်းမှာ သွင့်ကို ထားခဲ့၍ ရေချိုးခန်းထဲ ဝင်သွားလေတော့သည်။ သွင်သွင်မှာ ဥက္ကဌအား မျက်စိတစ်ဆုံး လိုက်ကြည့်နေရင်း အတွေးတို့မှာ ဗြောင်းသတ်လို့။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now