~28~

4.1K 344 55
                                    

Unicode

အသိစိတ်တွေလွတ်လို့ အဆက်မပြတ် ဆွဲထိုးနေမိတာ ဟိုကောင့်မျက်နှာတစ်ပြင်လုံး သွေးတို့နဲ့ ရဲလာမှ အထိုးရပ်တော့သည်။ မင်းရာမ၏ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မငြိမ်သက်နိုင်။ မျက်လုံးထဲ ဟိုကောင် အလိမ္မာ့လက်ကို အတင်းကိုင်ဆွဲထားသည်ကိုသာ တရိပ်ရိပ်မြင်ယောင်နေ၏။ သည့်ကောင့်လက်တွေက အလိမ္မာ့ကို သူ့လက်ထဲက ခေါ်ထုတ်သွားမဲ့ လက်တွေသာဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

ထိုအတွေးက လူကို လောင်မြိုက်စေသည်။

အလိမ္မာမှာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် မျက်ရည်များကျကာ သူ့လက်အား ဆွဲထားသည်။ လမ်းပေါ်မှကောင်ကတော့ မထနိုင်တော့။ သူတို့သုံးယောက်သား ဆူဆူညံညံဖြစ်သွားတာကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ ထွက်ကြည့်နေကြပြီ။ သူ့ဘေးမှ အလိမ္မာမှာလည်း ခေါင်းမဖော်တော့။ မင်းရာမ လမ်းပေါ်မှကောင်ကို ကော်လံစက ဆွဲမပြီး မတ်တပ်ရပ်စေလိုက်သည်။ ပြီးနောက် အံကြိတ်သံဖြင့် သတိပေးလိုက်တော့သည်။

"နောက်တစ်ခါ အလိမ္မာ့အနားမှာ မင်းအရိပ်လေးပဲဖြစ်ဖြစ် ထပ်မြင်ရရင်တောင် မင်းကို သည်နေ့ထက်ပိုဆိုးအောင် လုပ်မိလိမ့်မယ်!!!...ငါမလုပ်ဘူးမထင်နဲ့နော်!!!....အေး အခုကိစ္စကို မင်းမကျေနပ်ရင်လည်း ကြိုက်တဲ့နေရာမှာ ရှင်းနိုင်တယ်...ငါဆိုတဲ့ မင်းရာမက မကြောက်တတ်ဘူးကွ!!!"

ပြီးမှ ဆောင့်လွှတ်ပေးလိုက်သည်။ သည်ကောင့်ကို ဆက်ကြည့်နေဖို့ရာအစီအစဥ်မရှိ။ အလိမ္မာ့လက်ကိုဆွဲလို့ အိမ်ထဲ ဝင်ခဲ့လိုက်သည်။ သည်တစ်ခါနှင့်ဆို အလိမ္မာ့လက်ကိုဆွဲ၍ အလိမ္မာ့အိမ်ထဲ ဝင်ရသည်က ဒုတိယအကြိမ်မြောက်။ အိမ်ထဲရောက်သည်နှင့် မင်းရာမမှာ စိတ်တို့အစိုးမရနိုင်။ ဟိုသည်လျှောက်နေလျက် ရင်ဘတ်တို့ နိမ့်ချည်မြင့်ချည်ဖြစ်နေတော့၏။ သူ့ရင်ဘတ်ထဲ ဒေါသအမှုန်အမွှားတို့က အရှိန်မသေနိုင်သေးပေ။

ထိုစဥ် ရှိုက်ငိုသံကို ကြားရတော့သည်။ လှည့်ကြည့်လိုက်သည့်အခါ တံခါးနားတွင် မျက်နှာကို လက်ဖြင့်ကာ၍ ငိုကြွေးနေသော အလိမ္မာ့ကို တွေ့လိုက်ရသည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now