~12~

5.2K 491 122
                                    

Unicode

သွင်ယသော်နိုင်တစ်ယောက် ဥက္ကဌရှေ့တွင် ခေါင်းပင်မဖော်နိုင်ပါချေ။ ဆေးရုံကုတင်ပေါ်တွင် ကိုယ်တစ်ပိုင်းလျှောမှီကာထိုင်နေသော ခေါင်းတွင် ပတ်တီးအဖွေးသားနှင့် ဥက္ကဌ။ ဥက္ကဌတစ်ယောက် သူ့လက်ချက်ကြောင့် ၅ချက်ချုပ်လိုက်ရသည်တဲ့လေ။ တွေးရင်းဖြင့် အားနာစိတ်ကြောင့် ငိုချင်လာတော့သည်။ ငိုချင်သည့်အကြောင်းအရင်းမှာ ဥက္ကဌအား အားနာသည်ကြောင့်လည်းပါသည်။ လစာအဖြတ်ခံရမည်ကို သို့မဟုတ် ရှားရှားပါးပါးရထားသည့်အလုပ်ကလေး အထုတ်ခံရမည်ကို ကြောက်နေမိသည်ကြောင့်လည်းပါပေသည်။ ကြောက်စိတ်နှင့် ဝမ်းနည်းစိတ်တို့ဖြင့် တရှုံ့ရှုံ့ငိုနေမိတော့သည်။

"ဟောဗျာ...ခံရတော့ ကိုယ်...ငိုတော့ သူပါ့လား...."

မြူမင်းတစ်ယောက် ပြီတီတီ​ပြုံးရင်း ပြောလိုက်မိသည်။ သွင်ယသော်နိုင် လက်သံပြောင်သည်ကိုတော့ သူလက်ခံရမည်။ အခုထိ တဆစ်ဆစ်နာနေတုန်းပင်။ သို့သော်ငြားလည်း အရက်အရှိန်ကြောင့်ရော၊ တရှုံ့ရှုံ့ငိုနေခြင်းကြောင့်ပါ မျက်နှာကလေးရဲတွတ်နေသော သွင်ယသော်နိုင်အား အသည်းယားနေမိသည်ကတော့ အမှန်ပင်။ အခုလည်း မြူမင်း ပြောလိုက်လို့လားမသိ မျက်မှန်ကလေးပင့်လျက် မျက်ရည်များအား လက်ဖမိုးဖြင့် ပြီးစလွယ်ဖိသုတ်လာတော့သည်။

"ဥက္ကဌကလဲဗျာ....ကျွန်တော် ကျွန်တော်က ဥက္ကဌကို အားနာလို့ပါ....ကျွန်တော့်ကြောင့် ဥက္ကဌ----"

"မြူမင်း!!!! မြူမင်း!!!! ဘယ်လို​ဖြစ်တာလဲကွာ!!!"

သွင်ယသော်နိုင်ပြောမည့်စကားတို့အား ဇိမ်ရှိရှိထိုင်နားထောင်မည့်အရေးမှာ အခန်းထဲသို့ ဒရောသောပါး ဝင်ရောက်လာသော မင်းရာမကြောင့် ပျက်ခြင်းမလှပျက်ရချေတော့သည်။ သည်တကောင့်သား ဘာတွေကြံစည်နေသည်မသိပေ။ မြူမင်း မင်းရာမအကြောင်း သေချာသိပေသည်။သည်ကောင်က မြူမင်းကို သည်လောက်စိတ်ပူမည့်သူမျိုးမဟုတ်။ ဒါပေမဲ့ အခု သည်ကောင်က သူ့ကို ဖက်ကာ အဟုတ်ကြီး ငိုနေလေသည်။

*ဘာလားဟ....*

"ဥက္ကဌ အဆင်ပြေရဲ့လား....."

ကြောင်တောင်တောင်ဖြစ်နေတုန်းရှိသေး အခန်းထဲဝင်လာပြန်သော ရေးခြား။ သူ့အား ဒဏ်ရာကြီးကြီးမားမားရထားသည့်လူတစ်ဦးလို မျက်ရည်အဝဲသားဖြင့် ငေးကြည့်နေကြလေသည်။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now