~9~

5.4K 527 88
                                    

Unicode

"သား...မြူမင်း...ဟဲ့ မြူမင်းလွင်ပြင်!!!!"

"ဗျာ...ဗျာ..."

သူအသံဆောင့်ကာ ခေါ်လိုက်ကာမှ ပြန်ထူးလာလေသော သားတော်မောင်။ ထမင်းစားပွဲတွင် ဘာတွေတွေးနေမှန်းမသိ။ စားပွဲပေါ်မှ စားစရာများကို တို့ကနန်း ဆိတ်ကနန်းဖြင့် စားနေလေသည်ကြောင့် သူမ အသံမြှင့်ခေါ်လိုက်ရသည်။

"မင်းနှယ် ဘာတွေတွေးနေမှန်းကိုမသိဘူး....ဘာဖြစ်နေတာလဲ...."

"ဘာ...ဘာမှမဖြစ်ပါဘူး...."

အမှန်တော့ မြူမင်းတစ်ယောက် စိတ်နဲ့ကိုယ် ကပ်မနေပါချေ။ ငယ်စဥ်ကတည်းက အသန့်ကြိုက်လွန်းသော သူက ထိုကောင်လေး၏ မျက်ရည်နှင့် နှပ်ရည်များအား မရွံမရှာ သုတ်ပေးမိခဲ့သည်လေ။ ယခုပြန်စဥ်းစားကြည့်တော့လည်း  ရွံရှာဖွယ်ကောင်းမနေပါ။ ကလေးငယ်တစ်ဦးလို အော်ဟစ်ငိုယိုနေသော ထိုကောင်လေး၏ ပုံစံကလေးကို ဦးနှောက်ထဲမှ ထုတ်မရဖြစ်နေသည်။ မြူမင်းလွင်ပြင်လို ဇီဇာကြောင်သူ တစ်ဦးသည် ထိုကဲ့သို့ မခံစားဖူးသည်ကြောင့် ထမင်းပင် ဖြောင့်ဖြောင့် မစားနိုင်ဖြစ်နေလေ၏။

"မဟုတ်မှ ငါ့သားမှာ ချစ်ရမဲ့သူ ရှိနေပြီထင်တယ်...."

"ဗျာ!!!!!!"

အမေ့စကားကြောင့် မြူမင်းအလန့်တကြားဖြစ်သွားရကာ လက်ထဲမှ ခက်ရင်းပင် ဟင်းခွက်ထဲ ပြုတ်ကျသွားလေသည်။ အိမ်အကူမလေးမှာ သွက်သွက်သွက်သွက်ဖြင့် ထိုဟင်းခွက်အား အသစ်တစ်ခုဖြင့် ပြန်လဲပေးသွားလေသည်။ အမေကတော့ သူ့အော်သံကြောင့် ရင်ဘတ်ကလေးဖိလျက် လန့်ထိတ်၍မပြီးတော့ပါချေ။

"မင်းနှယ် လန့်လိုက်တာ....ငါပြောတာမဟုတ်လို့လား...ထမင်းစားရင်း ကြောင်ငေးနေတာ...တစ်ချက်တစ်ချက် ထထရယ်သေး...ဘယ်သူကြည့်ကြည့် အဲ့တာ ချစ်ရတဲ့သူ တွေ့နေတာပဲ...."

"ဟာဗျာ အမေကလဲ....မဟုတ်ပါဘူးဗျာ...."

အမေဆိုသည်မှာလည်း သားဖြစ်သူကို ချစ်သူရှာပေးချင်နေတာ တစ်ပိုင်းသေနေသူကြီး။ အမြဲလိုလို အိမ်ထောင်သာချပေးချင်နေသူ။ သို့ပေမဲ့ အခု သူတွေးနေသည်က သွင်ယသော်နိုင့်အကြောင်းလေ။ ဘယ့်နှယ်ကြောင့် ချစ်သူအကြောင်းဖြစ်ရမှာလဲ။ သွင်ယသော်နိုင်သည် သူ့ချစ်သူမဟုတ်ပါချေ။ အမေပြောသလိုဆို သွင်ယသော်နိုင့်အကြောင်း တွေးမိရင်း ထထရယ်မိသည်လား။ အဲ့​အူကြောင်ကြားကလေးက ရယ်ရလို့ဖြစ်မှာပါလေ။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now