အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး....

355 37 0
                                    

စာစဥ် ၃၅ : အပိုင်း ၂၀

အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး၊ ပိုပြီးများတဲ့ ထောင်ချောက်တွေပဲ ရှိတယ်

ပြိုင်ပွဲစင်မြင့် အတွင်းတွင် အခမ်းအနားမှူးအဖြစ် ရှိနေသာ ရှီထျန်းဟောင်အပြင် နောက်ဆုံးအဆင့်မှ ပြိုင်ပွဲဝင် ၁၆ယောက်တို့ကလည်း ရှိနေကြ၏။

ငရဲမီး ချောက်ကမ်းပါးမှ သုံးယောက် ရှိသည်။ လင်းတုန်၊ လျှိုရှဖုန်းနှင့် ယန်ဝူဝေ။

ကောင်းကင်ဘုံကျောင်းမှ လေးယောက်ဖြစ်၏။ ရှုယွင်စန်း၊ ယင်းလော်ရှနှင့် အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှ တပည့်နှစ်ယောက် ဖြစ်သည်။

သစ်တောဗိမာန်မှ သုံးယောက် တက်လာနိုင်ခဲ့သည်။ တောက်ယုတင်း၊ လီရှင်းဖေးနှင့် အမျိုးသမီး တပည့်တစ်ယောက်။

ဆီးနှင်းမုန်တိုင်း ချိုင့်ဝှမ်းမှ သုံးယောက်ဖြစ်သည်။ ကျောက်ဟွမ်၊ ခေါ့ကျင်းနှင့် အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှ တပည့်တစ်ယောက်။

နိဗ္ဗာန်ကမ္ဘာမှ တပည့်တစ်ယောက်သာ ရှိသည်။ ကျိုးယွင်ချုံးဖြစ်၏။ နောက်ဆုံး နှစ်နေရာကိုမူ ကျူးကော်ဝမ်ချိုးနှင့် ဟွမ်ကျန်းထင်တို့က ရယူသွားနိုင်ကြသည်။ သူတို့နှစ်ယောက်စလုံးတို့မှာ မြေရိုင်းလျှိုမြောင်မှ ဖြစ်ကြ၏။ ဝူယန်သားရဲများကြောင့် မြေရိုင်းလျှိုမြောင်မှ တပည့်များသည် ဖိအားများအောက်သို့ ကျရောက်သွားခဲ့ကြကာ သူတို့နှစ်ယောက်သာ နောက်ဆုံးအဆင့်သို့ ရောက်လာနိုင်ကြသည်။

ထင်ထားသည့်အတိုင်းပင် ကောင်းကင်ဘုံကျောင်းမှ တပည့်များသည် နောက်ဆုံး ၁၆ယောက် အတွင်းတွင် လေးနေရာ ယူနိုင်ကြကာ အများဆုံး ဖြစ်ခဲ့ကြသည်။ အကယ်၍ စွန်းရွှယ်အာသည် တောက်ယုတင်းနှင့် မတွေ့ခဲ့ပါက သူတို့သည် ငါးနေရာပင် ယူနိုင်လိမ့်မည် ဖြစ်၏။

အခြားဂိုဏ်းများမှ လူငယ် ပါရမီရှင်များသည် တိုက်ပွဲစင်မြင့်အတွင်းမှ ဆက်ခံသူတပည့် ၁၆ယောက်တို့အား အကဲခတ်နေကြ၏။ တစ်ချိန်တည်းတွင်ပင် သူတို့သည် အချင်းချင်း ဆွေးနွေးနေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now