အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ

212 24 0
                                    

စာစဥ် ၅၆ : အပိုင်း ၇

အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ

ချင်းနင်သူတော်စင် အစောပိုင်းမှ ပြုလုပ်ခဲ့သော အရာများသည် မည်သည့်ရည်ရွယ်ချက် ရှိနေသည်ကို ရှောင်ယန် အပါအဝင် အားလုံးတို့က သိနေကြသည်။

မပြောနိုင်သော သူများကလည်း တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။ ချင်းနင်သူတော်စင်၏ အရှေ့တွင်ရှောင်ယန်သည် ဘာမှမဟုတ်ချေ။ ဟင်းလင်းပြင် ဘုရားကျောင်း၏ အရှေ့တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကလည်း နိမ့်ကျနေဆဲ ဖြစ်သည်။ ချန်းလင်အား အရှက်ရသော လုပ်ခဲ့သော တန်ကျွင်း၏ ဂုဏ်ကျက်သရေသည် ချင်းနင်သူတော်စင် ပေါ်လာသည်နှင့် ချက်ချင်း ပျက်စီးသွား၏။

ရှောင်ယန်နှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့သည် ချင်းနင်သူတော်စင်နှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့၏ အရှေ့တွင် နိမ့်ကျနေဆဲ ဖြစ်သည်။ သူတို့သည် မရင့်ကျက်သေးသော လူငယ် ကောင်စုတ်လေးများသာ ဖြစ်ကြ၏။

ဤအရာသည် လူတိုင်း၏ ရင်အတွင်းတွင် ရှိနေကြပြီးသော တစ်စုံတစ်ရာ ဖြစ်ကာ မသိစိတ်မှ နေ၍ သူတို့၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေနိုင်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ရှောင်ယန်တို့အတွက် ဤအရာသည် ဖြေရှင်းရန် ခက်ခဲသော အခြေအနေ တစ်ခုဖြစ်သည်။

ချင်းနင်သူတော်စင်က တန်ကျွင်း၏ အမှားများကို ထောက်ပြခဲ့ပါက ပို၍ပင် ဆိုးသွားပေမည်။

တန်ကျွင်းအား ညွှန်ပြခြင်းသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား မျက်နှာပျက်စေခဲ့သော်လည်း တန်ကျွင်းအတွက်မူ မဟုတ်ချေ။ ဘာပဲပြောပြော တန်ကျွင်းသည် အခြေတည်ဝိညာဥ် အဆင့်တွင်သာ ရှိသေး၍ ချင်းနင်သူတော်စင်သည် လွန်စွာမှ ဂုဏ်သတင်း ကျော်ကြားသည်။ သူသည် စင်စစ် ဖြစ်တည်မှု လမ်းစဥ်ကို ဖန်ဆင်းပြီးသွားသော နာယက အကြီးအကဲ တစ်ယောက်ဖြစ်သည်။

အကယ်၍ သူသည် အခြားမည်သည့် ရည်ရွယ်ချက်များမှ မရှိပါက နတ်ဘုရားနယ်မြေ အတွင်းမှ ဆေးလုံးကျင့်ကြံမှု အတွင်းတွင် သူ၏ ဩဇာအာဏာကြောင့် သူ၏ ညွှန်ပြမှုများသည် တန်ကျွင်းအတွက် အကျိုးအမြတ် ရစေကာ သူနှင့် ချန်းလင်တို့၏ အကြားမှ တင်းမာမှုများကပင် ပြေလျော့သွားနိုင်သေး၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now