အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း

218 27 0
                                    

စာစဥ် ၅၆ : အပိုင်း ၆

အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း

တန်ကျွင်းသည် သူ၏ ခန္ဓာကိုယ်အား အနည်းငယ် စောင်းလိုက်ရာ သူ၏ အနောက်မှ လူများက သူဘာလုပ်နေသည်ကို မြင်လိုက်ရသည်။

နောက်ကျောဘက်မှ လူများသည် သူဘာလုပ်နေသည်ကို သတိမထားမိကြပေ။ တန်ကျွင်းက သူ၏ ခန္ဓာကိုယ်အား အနည်းငယ် စောင်းလိုက်မှသာ သူတို့က တန်ကျွင်း၏ လက်သည် ဆေးမီးဖို အပေါ်တွင် တစ်ချိန်လုံး ကပ်ထားကြောင်းကို တွေ့လိုက်ရ၏။

"သူက သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေနဲ့ ဆေးမီးဖိုကို အားဖြည့်ပေးနေခဲ့ပြီး ဆေးမီးဖိုရဲ့ ဒဏ်ရာတွေကို ကုစားပေးနေခဲ့တာ" အားလုံးတို့က သဘောပေါက်သွားကြသည်။

"ဆေးလုံး တစ်ခါ ကျင့်ကြံပြီးတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာက သိပ်မသိသာတဲ့ အတွက်ကြောင့် ကျင့်ကြံပြီးသွားရင် ပြန်လည် ကုစားလိုက်ရင် နောက်ပိုင်းကျရင် ပြဿနာတွေ မဖြစ်လာနိုင်တော့ဘူး… တကယ်လို့ သူ့ကို အကြိမ်တိုင်းမှာ ပြုလုပ်ပေးခဲ့ရင် အချိန်နဲ့အမျှ ဒဏ်ရာတွေက စုလာတော့မှာ မဟုတ်ဘူး… ဒါဆိုရင် ဆေးမီးဖိုရဲ့ အရည်အသွေးကလည်း လျော့ကျသွားမှာ မဟုတ်ဘူး"

တန်ကျွန်းက ချန်းလင်အား ကြည့်၍ ပြောလိုက်သည်။ "ငါတို့က မင်းနဲ့ မတူဘူး…ဘာပြဿနာပဲ ရှိရှိ တစ်ခါတည်းပဲ ဖြေရှင်းလိုက်တယ်"

ချန်းလင်၏ မျက်လုံး သူငယ်အိမ်များက ကျဥ်းမြောင်းသွားကာ သူ၏ အကြည့်က အေးစက်လာ၍ တန်ကျွင်းအား စိုက်ကြည့်နေသည်။ သူ၏ အော်ရာကလည်း တဖြည်းဖြည်း သိသာလာ၏။

တန်ကျွင်းက ဂရုမစိုက်ခဲ့ပေ။ "ငါက ဆေးလုံး ကျင့်ကြံမှုမှာ ပိုပြီးမှ အထက်တန်းကျလို့ မင်းက မခံနိုင်တော့ဘူးလား… မင်းက ငါ့ကို မယှဥ်နိုင်ပေမဲ့ ဟိုနေရာက ချန်းရှင်းယုကတော့ ယှဥ်ကောင်း ယှဥ်နိုင်လိမ့်မယ်"

"မင်း" ချန်းလင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ အရှေ့သို့ တက်လှမ်းရန် ဟန်ပြင်လိုက်သည်။

ဤအချိန်တွင် အသံတစ်ခုက ရွှမ်းလင်း စံအိမ်အတွင်းတွင် ပေါ်လာသည်။ "လူငယ်လေး… နှိမ့်နှိမ့်ချချနေတာ ကောင်းတယ်… မင်းရဲ့ စွမ်းရည်တွေကလည်း မပြည့်စုံသေးပါဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now