အပိုင်း ၇၀၁ မှ ၇၀၅

518 39 7
                                    

စာစဥ် ၃၇ : အပိုင်း ၁၁

အပိုင်း ၇၀၁ : လူငယ်လေး၊ မင်းဇာတ်ညွှန်းက အစကတည်းက မှားနေတယ်

လော်ချင်းဝူသည် လင်းဖုန်းအား စပ်စုစွာနှင့် ကြည့်လိုက်သည်။ သူမသည် သူမဆရာက ချူးယန်သည် သူမအား စိန်ခေါ်လိမ့်မည်ဟု သူနေသည်ကို ပဟေဠိ ဖြစ်နေခဲ့၏။

သို့သော်လည်း သူမတွေ့ရသည်မှာ လင်းဖုန်း၏ မျက်နှာပေါ်မှ အပြုံးတစ်ဝက်ကိုသာ ဖြစ်သည်။ လင်းဖုန်းသည် ပြီးတာနှင့် သူမအား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ "ချင်းဝူ၊ မင်းက ငါဟိုအရင်နှစ်တွေတုံးက ပြောထားဖူးခဲ့တဲ့ စကားတွေကို မှတ်မိသေးလား"

လော်ချင်းဝူသည် လင်းဖုန်းကသူ့အား သတိပေးထားဖူးသည့် စကားများကို အမှတ်ရလိုက်၍ သူမ၏ ရင်မှာ ပြင်းထန်စွာနှင့် ခုန်လာခဲ့သည်။

"ဒီကမ္ဘာပေါ်မှာ တချို့ အရွယ်ရောက်ပြီးတဲ့ လူတွေက မင်းတို့လိုမျိုး ငယ်ရွယ်တဲ့ ကောင်မလေးတွေကို သဘောကျကြတယ်။ သူတို့က နည်းလမ်းအမျိုးမျိုးနဲ့ မင်းကို လှည့်ကွက်တွေ ဆင်ပြီးမှ လှည့်စားလိုကြတယ်။ မင်းက ဒီလိုမျိုး လူတွေကို တွေ့လို့ရှိရင် သူတို့ကို တတ်နိုင်သလောက် ဝေးဝေးရှောင်ရမယ်"

"တကယ်လို့ သူကမင်းကို လိုက်ပြီးနှောင့်ယှက်နေသေးလို့ရှိရင် သူ့ကို ခက်ထန်စွာနဲ့ တုံ့ပြန်ရမယ်။ ဒါတောင်မှပဲ အလုပ်မဖြစ်သေးလို့ရှိရင် ငါ့ကိုဖြစ်ဖြစ်၊ မင်းရဲ့ စီနီယာတွေကို ဖြစ်ဖြစ် အကူအညီ တောင်းရမယ်။ သူတို့အားလုံးက မင်းကို အကူအညီ ပေးကြလိမ့်မယ်"

လော်ချင်းဝူသည် တံတွေးများကို မျိုချလိုက်ကာ အလင်းတန်း ပုံရိပ်အတွင်းမှ ချူးယန်အား ကြည့်လိုက်၏။ ပြီးတာနှင့် သူမသည် လင်းဖုန်းအား ကြည့်လိုက်ကာ မေးလိုက်သည်။ "ဆရာ၊ မဟုတ်မှလွဲရော ဒီလူက…"

လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဒီကနေ့မှာ မင်းက အသက် အများကြီး ပိုကြီးလာပြီ။ ဒီကောင်စုတ်လေးက မင်းကို အသက်ဆယ်နှစ် အရွယ်ကတည်းက မျက်စိကျနေတယ် ဆိုတာကို အသိပေးဖို့ အချိန်တန်ပြီ"

လင်းဖုန်းသည် ခေတ္တမျှ ငြိမ်သွားခဲ့ကာ သေချာစွာနှင့် ပြောလိုက်၏။ "ဒါက လူကြီးက ကလေးတွေကို ချစ်တဲ့အချစ်မျိုး မဟုတ်ဘူး။ အချစ်ဇာတ်လမ်းတွေ အထဲက အချစ်မျိုး ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now