အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ

263 32 0
                                    

စာစဥ် ၄၇ : အပိုင်း ၁၇

အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ

ရွှေပုစဥ်း ဆရာတော်သည် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတအား ကြည့်လိုက်ကာ သရော်လိုက်သည်။ "မင်းကို မတွေ့ရတာ အချိန်အတော် ကြာသွားခဲ့ပြီ"

နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတက သွားများပေါ်အောင် ပြုံးလိုက်၏။ "ရွှေပုစဥ်း ဆရာတော်.. ခင်ဗျားက ကျုပ်တို့လိုမျိုး မိတ်ဆွေဟောင်းတွေဆီက ရှောင်ပုန်းနေတာ မဟုတ်ဘူးလား"

ရွှေပုစဥ်း ဆရာတော်က ပြုံးလိုက်သည်။ "မင်းက ဂိုဏ်းချုပ်လင်းနဲ့ ပေါင်းပြီးမှ အမြတ်ဝင်ထုတ်ချင်နေတာလား.. ဂိုဏ်းချုပ်လင်းက မင်းထက်အများကြီး သန်မာတယ်.. သူနဲ့ ပူးပေါင်းလို့ရှိရင် နောက်ဆုံးမှာ မင်းက ဘာမှ အကျိုးအမြတ်တွေ ရနိုင်မှာ မဟုတ်ဘူး"

နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတသည် ထိုစကားအား ကြားလိုက်ရသောအခါ ဒေါသ ထွက်မသွားခဲ့ပေ။ သူ၏ မျက်လုံးများကို ကျားဖြူ မဟာပဏ္ဍိတနှင့် ရှန်းလျှို မဟာပဏ္ဍိတတို့ထံသို့ ရွှေ့လိုက်ကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း မတတ်နိုင်ဘူး.. ကျုပ်က ဟိုနှစ်ကောင်လိုမျိုး ကိုယ့်ဘာသာကိုယ်သာ ဂရုစိုက်ရတာ မဟုတ်ဘူး.. ကျုပ်ရဲ့အိမ်မှာ ကျွေးရမယ့် ပါးစပ်ပေါက်တွေ အများကြီးရှိတယ်.. ကျုပ်ရဲ့ သားမြေးတွေကို အစာဝအောင် ကျွေးလိုနေတယ်.. ဒီလိုဆိုတော့ အေးအေးဆေးဆေး နေလို့မရဘူး.. နည်းနည်းပါးပါးတော့ စွန့်စားမှ ရလိမ့်မယ်"

သူသည် ဤကဲ့သို့ ပြောနေသော်လည်း လင်းဖုန်းနှင့် ရွှေပုစဥ်း ဆရာတော်တို့ နှစ်ယောက်စလုံးတို့က အကယ်၍ တိုက်ပွဲများက နှစ်ဘက်လုံးအတွက် အခြေမလှ ဖြစ်လာသောအခါ နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတသည် ဘေးမှနေ၍ ထိုင်ကြည့်နေကာ လက်ကျန် အကျိုးအမြတ်များကို ရယူလိမ့်မည် ဟူ၍ သိနေကြသည်။

ရွှေပုစဥ်း ဆရာတော်က သူ၏ခေါင်းကို ခါလိုက်သည်။ "ငါက ကိုယ့်ကိုယ်ကိုယ် အနစ်နာ ခံနိုင်ပါတယ်.. ဒါပေမဲ့ ငါ့ရဲ့ အဆုံးမသတ်နိုင်တဲ့ လောဘကို ဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now