အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်

251 26 0
                                    

စာစဥ် ၅၅ : အပိုင်း ၆

အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်

ခွန်းလွန်တောင်မှ ပြန်လာကြသော ရဟန်းများသည် ခွန်းလွန်တောင်မှ အဖြစ်အပျက်များကို ပြင်ပကမ္ဘာသို့ ဖြန့်ဝေပေးခဲ့ကြသည်။

များမကြာမီ ပါရမီ ဇန်မာစတာသည် အမိတဗ္ဗ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက်နိုင်သည့် အပြင် ရွှေရောင်ပုံစံ တတိယ အဆင့်သို့ ရောက်သွားသည့် သတင်းသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုနေရာ၌ မရှိနေကြသူများသည် ဘာဖြစ်ခဲ့သည်ကို သိရအောင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။

ဟန်တွမ်းတောင်တန်း၏ မြောက်ဘက်တောင်ခြေတွင် ဟွမ်းမန်တောင်ထိပ် ရှိသည်။ ထိုနေရာသည် မဟာ လွင်တီးခေါင် ဓားဂိုဏ်း၏ နေရာဖြစ်သည်။

တောင်ထိပ်၏ အပေါ်မှ စံအိမ်အတွင်း၌ မဟာ လွင်တီးခေါင် ဓားမာစတာသည် ငြိမ်သက်စွာဖြင့် ထိုင်နေသည်။ သူသည် မျက်နှာများ မည်းမှောင်နေကြသော ဂိုဏ်းမှ အကြီးအကဲများကို ကြည့်နေသည်။

အကြီးအကဲ တစ်ယောက်သည် မဟာ လွင်တီးခေါင် ဓားမာစတာအား ကြည့်ကာ ပြောလိုက်သည်။ "ဆရာ…"

မဟာ လွင်တီးခေါင် ဓားမာစတာက လှည့်ကြည့်ကာ မေးလိုက်သည်။ "ဘာလဲ"

ထိုအကြီးအကဲသည် စကားမပြောနိုင်ပဲ ကျန်သောသူများကလည်း ပါးစပ်ပိတ်နေခဲ့သည်။ သို့သော်လည်း သူတို့၏ ရင်အတွင်း၌ အလွန်အမင်း လေးလံနေသည်။

"မင်းတို့ စိုးရိမ်ပူပန်နေတဲ့ အရာကို ငါကလည်း တွေးနေတာပဲ" မဟာ လွင်တီးခေါင် ဓားမာစတာက ပြောလိုက်သည်။ "ဒါပေမဲ့ ဒီကနေ့ ကိစ္စကို ငါတို့က မလွှမ်းမိုးနိုင်ဘူး… ဘာဖြစ်နေသလဲ ဆိုတာကို ဘေးကနေ ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်"

အသက်ကြီးကြီးနှင့် အသံတစ်ခု ထွက်လာသည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အရမ်းကို အနိုင်ကျင့် လွှမ်းမိုးလွန်းတယ်… မဟာမိုးကြိုး ကျောင်းတော်က ပျက်စီးသွားပြီး တပည့်အနည်းငယ်သာ ကျန်ရစ်တယ်… တကယ်လို့ ကျွန်တော်တို့ အပေါ်မှာ ဖြစ်ခဲ့ရင်လည်း ရလဒ်တွေက ပျော်ရွှင်ဖွယ်ရာ ဖြစ်မှာမဟုတ်ဘူး… ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ လက်ဆင့်ကမ်းလာတဲ့ အရာအားလုံးတို့က ပျက်စီးကုန်လိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now