အပိုင်း ၇၆၉ - ၇၇၀

320 37 0
                                    

စာစဥ် ၄၀ : အပိုင်း ၁၉

အပိုင်း ၇၆၉ : အားလုံးတို့က ဘယ်သူတွေလဲ

မဟာသူရိယ အကြွင်းမဲ့ မီးတောက်တို့ဖြင့် ဖုံးလွှမ်းထားသော ထိုရွှေကျီးပုံရိပ်အား တွေ့လိုက်ရသည့်အခါ ဇူရီ၏ နှလုံးခုန်သံသည် အနည်းငယ် မြန်သွားခဲ့၏။ သို့သော်လည်း မကြာမီပင် သူသည် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သူ၏အရှေ့မှသူသည် ယင်ပင်လယ် အတွင်းတွင် ကြွေလွင့်ခဲ့သည့် ရွှေကျီး မဟာပဏ္ဍိတ၏ လက်ကျန်စိတ်ဝိညာဥ်ဖြင့် ဖန်ဆင်းထားသော ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဇူရီ သိထားသလောက်ဆိုလျှင် သူ့ဆရာ၏ ဖိနှိပ်ခြင်းကို ခံနေရသော ကံဆိုးသူ မောင်ရှင်မှလွဲ၍ ရွှေကျီးမျိုးနွယ်စုတွင် အလယ်ခေတ်က ယင်ပင်လယ်အတွင်းတွင် သေဆုံးသွားခဲ့သည့် အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ မိစ္ဆာ မဟာပဏ္ဍိတ တစ်ပါးရှိသေး၏။

တခုန်း ဇန်မာစတာက ကျိကွမ်း ဇန်မာစတာ၏ ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် ထူးခြားသည့် အခြေအနေမှလွဲ၍ ဤဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လာသူတိုင်းသည် ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်များအား ကျပန်းသာ ရရှိနိုင်ခဲ့၍ သူတို့၏ စိတ်ဆန္ဒများအတိုင်း ရွေးချယ်ပိုင်ခွင့် မရှိမှန်းကို သိခဲ့လိုက်ရသည်။

မည်သို့ပင် ဖြစ်စေ ရွှေကျီး မဟာပဏ္ဍိတ၏ ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောသူသည် သွေးမြစ်မင်းသား၏ ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သူအား အရင် ရင်ဆိုင်လိုသော ရည်ရွယ်ချက် ရှိနေခဲ့သည်။

တစ်ဘက်တွင် ဤလူသည် ကျန်သောသူများ အားလုံးတို့ထက် ခြေတစ်လှမ်း ပိုဦးနေကာ ကြယ်စင်တိမ်တိုက်တို့၏ အလယ်ဗဟိုနှင့် အနီးဆုံး နေရာသို့ ရောက်ရှိနေခဲ့သည်။ အခြားတစ်ဘက်တွင်မူ သူသည် သူတို့အတွင်းတွင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်သော အင်မော်တယ်ဝိညာဥ် တတိယ အဆင့်မှ သွေးမြစ်မင်းသား၏ ကြယ်စင်အလင်းတန်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၍ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now