အပိုင်း ၈၆၆ မှ ၈၇၀

338 36 0
                                    

စာစဥ် ၄၅ : အပိုင်း ၁၆

အပိုင်း ၈၆၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ သူရဲကောင်း လေးဖော်

ဂိုဏ်းသို့ပြန်လာခြင်း ဓားအိမ်သည် စူတောင်ဓားဂိုဏ်း၏ သူတော်စင် ကောင်းကင်ဓားထက်သာ အောက်ကျသည့် မှော်ရတနာ တစ်ခုဖြစ်သည်။ သူအား အလွယ်တကူ အသုံးပြုလေ့ မရှိပဲ အင်မော်တယ်ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါအား တည်ဆောက်ရာတွင် အသုံးပြုရသည့် ပစ္စည်းများ အနက်မှ တစ်ခု ဖြစ်သည်။ စူတောင်ဓားဂိုဏ်း၏ စည်းကမ်းမှာ ဂိုဏ်းသို့ပြန်လာခြင်း ဓားအိမ်အား အသုံးပြုခဲ့ပါက သူတော်စင် ကောင်းကင်ဓားသည် စူတောင်တွင် ခံတပ်အား စောင့်ကြပ်ရန် စောင့်နေရမည် ဖြစ်သည်။

ထိုမှော်ရတနာတွင် တိုက်စစ်စွမ်းအင်များ မရှိပေ။ သူ့အား ကမ္ဘာအတွင်များ အခြားဓားများကို ဖမ်းချုပ်ရန်သာ အသုံးပြု၍ရသည်။ သူတော်စင် ကောင်းကင်ဓားမှလွဲ၍ အခြား ရတနာဓားများ အားလုံတို့အား ထိုဓားအိမ်က ဖမ်းချုပ်နိုင်သည်။ မည်သည့်ဓားမှ ခုခံနိုင်စွမ်း မရှိပေ။

စူတောင်ဓားဂိုဏ်း တစ်ခုလုံးတွင်ပင် ဤအကြောင်းအား လူအနည်းငယ်ကသာ သိရှိထားကြသည်။

မူလကောင်းကင် ကမ္ဘာတွင် သူတော်စင် ကောင်းကင်ဓားသည် ဓားများအားလုံးတို့၏ အရင်းအမြစ်များ ဖြစ်ကြသည်ဟု ကောလဟာလများ ရှိနေသည်။ သို့သော်လည်း သူတော်စင် ကောင်းကင်ဓားအား ပြီးပြည့်စုံအောင် မကျင့်ကြံရသေးခင်တွင် မှော်ရတနာ နှစ်မျိုးက အရင်ရှိနေခဲ့သည်။ ဂိုဏ်းသို့ပြန်လာခြင်း ဓားအိမ်သည် သူတို့အနက်မှ တစ်ခုဖြစ်သည်။

ပြီးတာနှင့် ထိုမှော်ရတနာ နှစ်ခုသည် ရှေးဟောင်းဓား သုံးပါးတို့အား မွေးဖွားပေးနိုင်ခဲ့သည်။ သူတို့မှာ ထျန်းကန်း ရှေးဟောင်းဓား၊ ချန်းမင် ရှေးဟောင်းဓားနှင့် ထိုက်ချင်း ရှေးဟောင်းဓားတို့ ဖြစ်ကြသည်။

ထိုဓားသုံးလက် နောက်ပိုင်းမှသာ ကျန်သောဓားများက မွေးဖွားခဲ့လာရခြင်း ဖြစ်သည်။

ကျဲလော်ရှီသည် ပြင်ဆင်၍ လာခဲ့ခြင်း ဖြစ်သည်။ သူသည် ဂိုဏ်းသို့ပြန်လာခြင်း ဓားအိမ်အား ယူဆောင်လာခဲ့သဖြင့် ကောင်းကင်ဖျက်ဆီး ဓားကို မကြောက်ပဲ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now