အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း

232 26 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၀

အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း

မြေရိုင်းလျှိုမြောင် အတွင်းတွင် လီကွေရင်သည် ရယ်ကာ ရှီထျန်းဟောင်အား ကြည့်လိုက်သည်။ "အိုး… ဟုတ်သားပဲ… ထျန်းဟောင်… မင်းက အရွယ်ရောက်လာပြီး အများကြီးလည်း တိုးတက်လာပြီ… ဒါ့အပြင် မင်းရဲ့ အခြေခံတွေကလည်း တည်ငြိမ်နေပြီ… မင်းမှာ တာအိုလက်တွဲဖော် အဖြစ် သတ်မှတ်ရမယ့် မိန်းကလေး တစ်ယောက် တွေ့ပြီးပြီလား"

ရှီထျန်းဟောင်က သူမ၏ စကားများကို ကြားလိုက်သောအခါ ရယ်လိုက်သည်။ "မတွေ့သေးဘူး… ကျွန်တော်က လိုအပ်တယ်လို့ မထင်ဘူး"

ဂူလေကလည်း ရယ်လိုက်သည်။ "မင်းက စိတ်ထဲမှာ မရှိတာလား… ဒါမှမဟုတ် အရွယ်မလွန်ခင် စိတ်ကုန်သွားတာလား"

"အစောပိုင်းက အဘိုးက ပြောဖူးတယ်… သူကကျွန်တော့်ကို မိန်းမတစ်ယောက် အမြန်ဆုံး ယူစေချင်နေတယ်… ဒါပေမဲ့ ကျွန်တော်က အဲ့ဒီ မိန်းကလေးရဲ့ မိသားစုကို သဘောမကျတဲ့ အတွက် အခုအချိန်အထိ အချိန်ဆွဲနေခဲ့တယ်" ရှီထျန်းဟောင်က ပြန်ဖြေလိုက်သည်။ "ဒီအချိန်မှာတော့ ကျွန်တော့်မှာ အဲ့လိုမျိုး ရည်ရွယ်ချက်တွေ တကယ်ပဲ မရှိတော့ဘူး"

သူသည် သက်တောင့်သက်သာ ပြောနေခြင်း ဖြစ်ကာ သူ၏ အကြည့်တွင် ပျော်ရွှင်နေသော အရိပ်အယောင်များ မရှိချေ။ ထို့အစား သူသည် အနည်းငယ် စိုးရိမ်နေသောပုံ ပေါက်နေ၏။

ဂူလေနှင့် လီကွေရင်တို့သည် သူ့စကားကို ကြားရသော အခါ ငြိမ်သက်သွားကြသည်။ သူတို့သည် ရှီထျန်းဟောင်နှင့် ရင်းနှီးကြသူများ ဖြစ်ကြသည့်အတွက် သူ့မိဘများကို ရှာမတွေ့သေးသည်ကို သိနေကြ၏။

ပြီးတာနှင့် သူ့အဘိုးက ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ပြန်ဝင်သွားရာ သူ၏ သတင်းကလည်း ပျောက်သွားပြန်သည်။ ရှီမိသားစု၏ ခေါင်းဆောင် ရှီဝူကပင် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ကာ သွားရှာပေးသည်။ သို့သော်လည်း သူ၏ သတင်းကိုပင် သိပ်မကြားရချေ။

ဟင်းလင်းပြင် စစ်တလင်း၏ ထူးခြားသော လက္ခဏာမှာ သူတို့က မည်သည့်နေရာတွင် ရောက်နေမှန်းကို မသိရခြင်း ဖြစ်သည်။ သူတို့အနေနှင့် တစ်စုံတစ်ယောက်အား ရှာဖွေရန် ခက်ခဲပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now