အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး... ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ

226 29 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၉

အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး… ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ

"အလယ်ခေတ်…" ရှောင်ယန်၏ ရင်အတွင်းမှ တုန်ခါသွား၍ ရှောင်ကျန်းအာကို ကြည့်လိုက်သည်။

ရှောင်ကျန်းအာက သူမ၏ခေါင်းကို ညိတ်လိုက်သည်။ "အဲ့ဒီအချိန်က ကမ္ဘာနှစ်ခု အကြားက စစ်ပွဲအတွင်းမှာ ရှန်းယွမ်က အသတ်ခံလိုက်ရတဲ့ အချိန်မှာပဲ"

ရှောင်ယန်သည် သူမ၏ စကားအား ကြားလိုက်ရသော အခါ ငြိမ်သက်သွားပြီး သူမက သူ့အား ထူးခြားစွာဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူမသည် သူ့အား မေးခွန်း မထုတ်ခဲ့ပဲ ဆက်၍သာ ပြောလိုက်သည်။ "ပြီးတာနဲ့ ကျွန်မကို ကုသနိုင်ဖို့ အတွက် အဖေက ကိုယ်ပွားတစ်ခုကို အသုံးပြုပြီး နတ်ဘုရားနယ်မြေ အတွင်းကို သွားကာ ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့တယ်"

"တစ်နေ့မှာ ကျွန်မတို့က ဝူကျိုးမြို့ အပေါ်ကို ဖြတ်သန်းသွားတုံးမှာ မြို့အတွင်းက မိသားစု တစ်ခုအပေါ်မှာ ထူးခြားတဲ့ အော်ရာတွေ ရှိနေတာကို သတိပြုမိလိုက်တယ်… ဒါပေမဲ့ သူက မသိသာသလောက်ပဲ… ဒါပေမဲ့ ဒီအော်ရာက ကျွန်မမှာ ရှိနေတဲ့ မွေးရာပါ ရောဂါကို ကုသနိုင်စွမ်း ရှိနေတယ်… ဒါနဲ့ အဖေက ရှာဖွေရင်း ရှောင်မိသားစုထံကို ရောက်လာတာ… ဒါပေမဲ့ သူက ဒီထူးခြားတဲ့ အော်ရာက ဘယ်ကနေ လာခဲ့သလဲ ဆိုတာကို အတည်မပြုနိုင်ခဲ့ဘူး"

"ဒါက စွမ်းအား အော်ရာတစ်ခု မဟုတ်သလို အစွမ်းထက်တဲ့ လူတစ်ယောက်က ချန်ထားခဲ့တဲ့ သဲလွန်စတွေလည်း မရှိဘူး… တကယ်လို့ ကျွန်မမှာ ဒီလိုမျိုး ထူးခြားတဲ့ ရောဂါမျိုး မရှိခဲ့ရင်လည်း အဖေက သတိထားမိမှာ မဟုတ်ဘူး"

ရှောင်ကျန်းအာက ပြန်လည် စဥ်းစားကာ ပြောလိုက်သည်။ "အဖေက ကိုကိုတို့ရဲ့ မိသားစု တစ်ခုလုံးကို ရှေးဟောင်း သက်ရှည်ကမ္ဘာကို ခေါ်လာဖို့ အတွက် စဥ်းစားခဲ့သေးတယ်… ဒါပေမဲ့ ကျွန်မနဲ့ အဲ့ဒီ ကျောက်တုံးနဲ့က တစ်နေရာတည်းမှာ နေလို့မရတာကို သဘောပေါက်သွားခဲ့တယ်"

"ဒါ့အပြင် အဲ့ဒီကျောက်တုံးက အမတန်မှ ထူးခြားပြီး ရှေးဟောင်း သက်ရှည်ကမ္ဘာ အပြင်ကို လွယ်လွယ်နဲ့ ထုတ်လို့မရဘူး… ကျွန်မကို ရိုးရှင်းပြီး သက်တောင့်သက်သာ ရှိတဲ့ ကလေးဘဝကို ဖြတ်သန်းနိုင်ဖို့ အဖေက ကျွန်မကို ရှောင်မိသားစုမှာ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now