အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ

288 36 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၂

အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ

လင်းဖုန်းသည် သူ၏အရှေ့မှ အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါအား ငြိမ်သက်စွာဖြင့် ကြည့်နေခဲ့ရင်း သူ၏ညာလက်ဖြင့် ဓားမှော်ကျိန်စာ တစ်ခုအား ထုတ်လွှတ်လိုက်သည်။

ဓားဝင်္ကပါအား ထွင်းဖောက်သွားသော သွေးနီရောင်မြားသည် ဝင်္ကပါ၏ အောက်ခြေမှ ထောက်ပံ့ထားသော ကောင်းကင်တိုင်လုံးနှင့် တူနေခဲ့သည့် အဖြူရောင် လေအတန်းထံသို့ ဦးတည်သွားခဲ့သည်။

သွေးနီရောင် ကောင်းကင်ဖျက်ဆီးဓားသည် သူ၏ပုံစံကို ပြန်လည် ဖော်ပြလိုက်ကာ ထိုအဖြူရောင် လေအတန်း၏ အတွင်းတွင် လွင့်မျောနေခဲ့သည်။ ဓားအိမ်၏ ကွဲကြေနေသော အပိုင်းအစများသည်လည်း ကောင်းကင်ဖျက်ဆီး ဓား၏ အနောက်သို့ လိုက်၍ ပျံ့နှံ့သွားခဲ့ကာ ဝင်္ကပါအတွင်းတွင် လွင့်မျောနေခဲ့၏။

သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းသည်မှာ ကောင်းကင်ဖျက်ဆီး ဓားသည် ထိုဝင်္ကပါအား ဖျက်ဆီးရန် မကြိုးစားခဲ့ပဲ ဝင်္ကပါ၏ အတွင်း၌ ခက်ထန်သော အလင်းတန်းနှင့် ရန်လိုနေသော ဓာတ်ငွေ့များကိုသာ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

အားလုံးတို့၏ မှင်သက်နေသော အကြည့်များအောက်တွင် ကျယ်ပြန့်သော လေအတန်းသည် စတင်၍ သွေးနီရောင် ပြောင်းလာခဲ့သည်။

"မဖြစ်နိုင်ဘူး.. တကယ်လို့ သူက ဂိုဏ်းသို့ပြန်လာခြင်း ဓားအိမ်ရဲ့ အကူအညီနဲ့အတူ ဝင်္ကပါအထဲကို ဝင်ရောက်လာနိုင်ခဲ့ရင်တောင် သူက ဝင်္ကပါအထဲရောက်ရင် အဖိနှိပ်ခံခဲ့ရမှာ" ရှင်းလုံစန်း၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ပေါ်လာခဲ့သည်။ လွန်စွာ မြင်ရခဲသည့် မြင်ကွင်းဖြစ်သည်။

ဝင်္ကပါ၏ သွေးနီရောင် အလင်းတန်းသည် ပို၍ပို၍ တောက်ပလာခဲ့သည်။ ထိုလေအတန်းထံမှ နေ၍ သူသည် အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါ တစ်ခုလုံးအား စတင်၍ ပျံ့နှံ့လာခဲ့သည်။

ဝင်္ကပါအတွင်းမှ မရေမတွက်နိုင်သော ဓားများသည် ယခုအချိန်တွင် စတင်၍ ပြင်းထန်စွာနှင့် တုန်ခါလာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now