အပိုင်း ၈၃၆ မှ ၈၄၀

343 43 1
                                    

စာစဥ် ၄၃ : အပိုင်း ၆

အပိုင်း ၈၃၆ : ခက်ထန်၍ သတ္တိကောင်းသော ရှောင်ယန်

အင်မော်တယ် တော်ဝင်အလံတွင် ကိုယ်ပိုင် အသိဉာဏ်ရှိသည်။ ရှောင်ယန်နှင့် ရှောင်စန်း ဓားမာစတာတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြချိန်တွင် ထိုအလံကို အားကိုး၍ မရသော်လည်း သူသည် ချုံးယန် ဓားမာစတာကို ချုပ်နှောင်ထားရန်မှာမူ လိုသည်ထက်ပို၍ စွမ်းဆောင်နိုင်သည်။

ရှောင်ယန်သည် ဤမှော်ရတနာ၏ စွမ်းအားများကို အပြည့်အဝ ဆင့်ခေါ်နိုင်ခြင်း မရှိသော်လည်း ချုံးယန် ဓားမာစတာသည် အနက်ရောင် အလင်းတန်း၏ ချုပ်နှောင်ခြင်းကို ခံနေရသည်။ သူမသည် ရေတိုအတွင်းတွင် အနှောင်အဖွဲ့များကို ချိုးဖောက်နိုင်မည် မဟုတ်ပေ။

ဤအချိန်တွင် ရှောင်စန်း ဓားမာစတာ၏ ခက်ထန်သော ဓားအလင်းတန်းက ကျရောက်လာခဲ့သည်။ အကယ်၍ ရှောင်ယန်အား တိုက်ခိုက်နိုင်ခဲ့မည် ဆိုပါက သူသည် မသေသည့်တိုင် သေလုမျောပါး ဖြစ်သွားမည် ဖြစ်သည်။

အကယ်၍ ဤဓားချက်သည် စွမ်းအားများကို အပြည့်အဝ မထုတ်သုံးနိုင်သည့် အင်မော်တယ် တော်ဝင်အလံ အပေါ်သို့ ကျရောက်လာပါက ထိုအလံ၏ မူလစိတ်ဝိညာဥ်က ပျက်စီးသွားနိုင်သည်။

ရှောင်ယန်သည် ဤအခြေအနေနှင့် ကြုံတွေ့ခဲ့ရသောအခါ သူ၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင် အတွင်းတွင် ရုတ်တရက် လှုပ်ခါလိုက်သည်။

ခဏအကြာတွင် နေရာတကာ၌ ရှောင်ယန်ပေါင်း ထောင်နှင့်ချီ၍ ပေါ်လာခဲ့သည်။ ရှောင်စန်းဓား၏ အတိုက်ခိုက် ခံခဲ့ရသော ရှောင်ယန်သည် မှေးမှိန်သော ပုံရိပ်အဖြင့်သို့ ပြောင်းသွားခဲ့ကာ ကွယ်ပျောက်သွားခဲ့သည်။

ဒါသည် ကမ္ဘာဦးခေတ်က အမှောင်ဧကရာဇ်ထံမှ လာသည့် အခြေခံ ပုံရိပ် ထုတ်လွှတ်ခြင်း ဖြစ်သည်။

ကွမ်းချုံ ဓားမာစတာကလည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ၏အရှေ့တွင် ရှောင်ယန်၏ ပုံရိပ်ပေါင်း များစွာတို့က လာရောက် တားဆီးထားခဲ့သည်။ ကွမ်းချုံ ဓားမာစတာသည် သူ၏ဓားဖြင့် တိုက်ခိုက်လိုက်သောအခါ ရှောင်ယန်၏ ပုံရိပ်များသည် ပျက်စီးသွားသော်လည်း သူ၏အနောက်တွင် နောက်ထပ် ရှောင်ယန် လေးယောက်တို့က ပေါ်လာကာ သူ့အား တိုက်ခိုက်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora