အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ

251 38 0
                                    

စာစဥ် ၄၇ : အပိုင်း ၁၆

အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ

တစ်ချက် ဆောင့်ဆွဲလိုက်ရာ အလင်းတန်းများဖြင့် တည်ဆောက်ထားသော လမ်းကြောင်းသည် ဟင်းလင်းပြင်မှတဆင့် တကယ့်ကြိုးကဲ့သို့ အနောက်သို့ ပါလာခဲ့သည်။ လမ်းကြောင်း၏ အဆုံးတစ်ဘက်တွင် မယုံနိုင်လောက်အောင် လေးလံသည့် အရာတစ်ခုက ပါလာသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအလေးချိန်အား စကားလုံးများဖြင့် ဖော်ပြ၍ မရပဲ အခြား အရာဝတ္တု တစ်ခုနှင့် နှိုင်းယှဥ်၍လည်း မရချေ။ ကောင်းကင်နှင့် မြေကြီးတို့၏ အစိတ်အပိုင်း တစ်ခုလုံးက ကြိုးတပ်၍ အဆွဲခံနေရသကဲ့သို့ ဖြစ်သည်။

ထိုအရာကို မြင်ရသောခါ ရွှေပုစဥ်း ဆရာတော်၏ ကိုယ်ပွားလေးခု စလုံးတို့က အလွန်အမင်း လေးနက်သွားခဲ့သည်။ "ယင်ပင်လယ်မှာတုံးက သူ့ဆီမှာ ဒီလောက်အထိ အစွမ်းထက်တဲ့ နည်းစနစ်နဲ့ မှော်ကျိန်စာတွေ ရှိတယ်လို့ မခံစားရဘူး.. သူက စူတောင်ကို သွားသောင်းကျန်းခဲ့ပြီး သူတော်စင် ကောင်းကင်ဓားကို ချိုးဖျက်နိုင်ခဲ့တာ အဆန်းတော့ မဟုတ်ပါဘူး.. အစပထမမှာ ထူးဆန်းပြီး နည်းလမ်းမကျသလို ထင်နေရပေမဲ့ အခုအချိန်မှာ သူဘယ်လို လုပ်ခဲ့သလဲ ဆိုတာကို သဘောပေါက်သွားခဲ့ပြီ"

အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတ၏ အကြည့်ကပင် လေးနက်လာခဲ့ကာ လင်းဖုန်းအား စိုက်ကြည့်နေခဲ့သည်။ သူသည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်၏။ "အစောပိုင်းက သူနဲ့ အဆုံးထိအောင် မယှဥ်ပြိုင်မိတာ ကံကောင်းတယ်.. မဟုတ်လို့ရှိရင် ငါက ဟင်းလင်းပြင် အပေါ်ကနေ ပြုတ်ကျလာခဲ့ရလိမ့်မယ်"

လမ်းကြောင်း၏ အဆုံးမှ အေးစက်သော နှာမှုတ်သံ တစ်ခုက ထွက်လာခဲ့သည်။ "တကယ်လို့ သူက ချချင်နေရင်လည်း ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့.. ရွှေပုစဥ်း ဆရာတော်"

ကြောက်မက်ဖွယ်ရာ အနက်ရောင်ဒေသ တစ်ခုသည် ဟင်းလင်းပြင် အတွင်းမှနေ၍ သီးခြား ဒိုင်မန်းရှင်းအလား ပေါ်လာခဲ့၏။ အတွင်းမှနေ၍ စူးရှဆိုးရွားလှသော အနံ့တစ်ခုသည် လွင့်ပျံလာခဲ့သည်။ လင်းဖုန်းသည် ထိုကဲ့သို့သော အနံ့မျိုးကို အကြွင်းမဲ့ သွေးမြစ်ရေထံမှသာ ရဖူးသည်။ သို့သော်လည်း သူတွေ့ခဲ့ဖူးသော အကြွင်းမဲ့သွေးမြစ်ရေသည် အကန့်အသတ် ရှိပြီး ယခု အကြွင်းမဲ့ သွေးမြစ်ရေမှာ ကမ္ဘာတစ်ခုလုံးအား ပြည့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeTempat cerita menjadi hidup. Temukan sekarang