အပိုင်း ၉၉၆ မှ ၁၀၀၀

362 31 0
                                    

စာစဉ် ၅၂ : အပိုင်း ၆

အပိုင်း ၉၉၆ : မင်းမှာ ဓားတစ်လက် ရှိတယ်၊ ငါ့မှာ ဓားတစ်လက် ရှိတယ်၊ ယှဉ်ပြိုင်ကြစို့!

"ဂျူနီယာဝမ်" သူတို့လုပ်နိုင်သည်မှာ ဝမ်ကျန်းလွမ်သည် တန်ကျွင်း၏ မီးချီလင် နတ်ဆိုးလက်သီး၏ တိုက်ခိုက်မှုကြောင့် ဟင်းလင်းပြင် အတွင်းသို့ လွင့်သွားသည်ကို ကြည့်နေရုံပင် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်ကပင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်၏ ကြောက်မက်ဖွယ်ရာ မီးတောက်များ၏ ဝါးမျိုမှုအား ခံလိုက်ရသည်။ ထန်ရှန်းနှင့် ကျန်သောသူနှစ်ယောက်မှာ ပျာယာခတ်သွားကြသည်။

ဟင်းလင်းပြင် အတွင်းမှ ကစဉ့်ကလျား မုန်တိုင်းသည် ပို၍ ပြင်းထန်လာကာ တန်ကျွင်းကိုလည်း ဝါးမျိုလိုက်သည်။ မုန်တိုင်းအလယ်မှ အလင်းတန်း စက်လုံးသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားကာ စီးဆင်းနေသော အလင်းတန်းများ အဖြစ် လွင့်ပြယ်သွား၏။

သို့သော်လည်း ဒါသည် တန်ကျွင်း၊ ယန်တီနှင့် ကျန်သောသူများ၏ တွက်ချက်မှု အတွင်းတွင် ရှိနေသေးသည်။ စိတ်ဝိညာဉ် စွမ်းအင်များ၏ ရုတ်တရက် ပေါက်ကွဲလာမှုသည် သူတို့ ရည်ရွယ်ချက် ရှိရှိ ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့ခြင်း ဖြစ်သည်။
သူတို့၏ လုပ်ဆောင်ချက်များကြောင့် ငြိမ်သက်စ ပြုလာသော ကစဉ့်ကလျား မုန်တိုင်းသည် ထပ်ဖန်တစ်ခါ ပြင်းထန်လာ၏။ သူသည် ခက်ထန်စွာ ပေါက်ကွဲလာသော်လည်း ယာယီသာ ဖြစ်သည်။

ကစဉ့်ကလျား စိတ်ဝိညာဉ် စွမ်းအင် မုန်တိုင်းသည် အားလုံးတို့၏ ပတ်ပတ်လည်မှ ဟင်းလင်းပြင်အား ကွဲဟစေကာ သူတို့အားလုံးအား လေဟာနယ် အက်ကွဲကြောင်း အတွင်းသို့ ပို့ပေးလိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင် အဆက်မပြတ် စီးဆင်းနေမှုအောက်တွင် အားလုံးတို့သည် ကွဲပြားသွားကာ သဲလွန်စ ရှာမရအောင် ပျောက်ကွယ်သွားသည်။                                                                                                               
အဝေးမှ မိုးကုပ်စက်ဝိုင်း အဆုံးတွင် အဖြူရောင် တိမ်တိုက်သုံးခုတို့သည် ဟင်းလင်းပြင်အား ချိုးဖောက်ကာ ပေါ်လာ၏။ သူတို့၏ အင်အားနှင့် မှော်စွမ်းအင်တို့သည် ထန်ရှန်းတို့ထက် များစွာ အထက်တန်းကျသည်။ သို့သော်လည်း သူတို့အား လည်ပတ်နေသော မုန်တိုင်းနှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းများက ကာဆီးထားသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now