အပိုင်း ၆၉၁-၆၉၂-၆၉၃-၆၉၄-၆၉၅

528 41 0
                                    

စာစဥ် ၃၇ : အပိုင်း ၁

အပိုင်း ၆၉၁ : ဒီနေရာမှာ ဘယ်သူကမှ သာမန်မဟုတ်ဘူး

ဇူရီသည် ရှုယွင်စန်းနှင့် ယင်းလော်ရှတို့က မည်သို့ တွေးနေကြသည်ကို အပြည့်အဝ နားလည်နေသည်။

ကျိုးယွင်ချုံး၏ စွမ်းအားသည် အခြားကျင့်ကြံသူများသာမက သူ၏ ဂိုဏ်းတူညီအစ်ကိုများ၏ ယုံကြည်ချက်များကိုပါ အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။

ရှုယွင်စန်းနှင့် ယင်းလော်ရှတို့အတွက် ဒါသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အကယ်၍ သူတို့သည် သူတို့၏ စိတ်ဓာတ်များကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့၍ ဖိအားများကို သင့်တင့်လျှောက်ပတ်စွာ တုံ့ပြန်နိုင်ခဲ့မည်ဆိုလျှင် ဒါသည် သူတို့အား တိုးတက်အောင် ကူညီနိုင်မည်ဖြစ်၍ သူတို့၏ အလားအလာများကို နားလည်နိုင်မည် ဖြစ်သည်။ သူတို့အား အနာဂတ်တွင် ပိုမိုအောင်မြင်အောင် ကူညီနိုင်မည် ဖြစ်၏။

ထို့ကြောင့် လင်းဖုန်းနှင့် ဇူရီတို့သည် ဤကိစ္စအား အကောင်းဘက်မှသာ မြင်ထားကြသည်။

ဤကိစ္စများ၏ အကြောင်းရင်းဖြစ်သော ကျိုးယွင်ချုံးသည်ကား မည်သို့မှ မခံစားနေရပေ။ သူ့တွင် သူ့စွမ်းရည်များကို ထိန်းချုပ်နိုင်သော စွမ်းအားရှိသဖြင့် သူတို့သည် ထိန်းချုပ်မှုအောက်မှ လွတ်မသွားကြပေ။ ကံကောင်းစွာနှင့် သူ၏ဘေးတွင် ရှိနေသော ရှီထျန်းဟောင်မှာလည်း ကူညီပေးခဲ့သည်။

လင်းတုန်မှာမူ စိတ်ဓာတ်ကျနေခဲ့၏။ သူမသည် ရှောင်ကျန်းအာ ရှိနေသော ဆိတ်ငြိမ်ခန်း အတွင်းသို့ ညှိုးငယ်စွာဖြင့် ဝင်သွားခဲ့သည်။ သူမသည် တံခါးကို ဖွင့်ဝင်သွားပြီးသည်နှင့် တိုးတိုးလေး ပြောလိုက်သည်။ "မေမေ၊ ကျွန်မရှုံးသွားတယ်"

ရှောင်ကျန်းအာက ဖွဖွလေး ပြုံးလိုက်ကာ သူမကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်သည်။ "ဒါက ဂိုဏ်းအတွင်းက ပြိုင်ဆိုင်မှုပဲ။ သိပ်ပြီးတော့လည်း စိတ်ထဲမထားပါနဲ့"

လင်းတုန်၏ နှုတ်ခမ်းများမှာ တွန့်သွားခဲ့ကာ ပြောလိုက်သည်။ "ကျွန်မက ဖေဖေ့ရဲ့ ဂုဏ်သိက္ခာကို တက်စေချင်လို့ နောက်ဆုံးလေးယောက်ထဲကို ဝင်ချင်နေတာ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now