Ep - 1

8.1K 346 0
                                    

' ကော်ကော် ... သေချာနင်းလေ။ မီးမီး ပြုတ်ကျတော့မယ်။'

' နင်းနေတာပဲလေ။ မီးမီး ဒီနေ့ ကျောင်းပိတ်ရက် မဟုတ်ဘူးလား။ ဘာလို့ မူကြို သွားရသေးတာလဲ။'

' မသိဘူး။ ဆရာမက မပိတ်ဘူး လာရမယ်တဲ့။'

' ကော်ကော် မိုးရွာလာတော့မယ်ထင်တယ်။ မြန်မြန် နင်းလေ...'

ခက်ပြီ။ စက်ဘီးက အရမ်း စီး တတ်တာလည်း မဟုတ်ဘူး။ ခုနက သေချာနင်းခိုင်းပြီး၊ အခုကျ မြန်မြန် နင်း ခိုင်းနေပြန်ပြီ။ ကလေးတွေ အရွယ်က တကယ်ပဲ စိတ်အပြောင်းလဲ မြန်တယ်။

' တီ ....!!!!!.'

' အား .... ဒုန်း ... ဂျောက် ... ဂျောက်.'

' အီးးး ဟီးးး ဟီးးး ကော်ကော် မီးမီး နာတယ်။'

ရှောင်းကျန့် စက်ဘီး လဲ သွားတာကို မကြည့်အားသေးပဲ အနောက်မှာ ပြုတ်ကျသွားတဲ့ မီးမီးကို အရင်ပြေးကြည့်လိုက်တယ်။

' ဟင် ... မီးမီး ကော်ကော် ကိုပြ။ ဘာဖြစ်သွားသေးလဲ။'

' အီး ဟီး ဟီး နာတယ်။ မီးမီး လက် နာတယ်။'

ရှောင်းကျန့် နာတယ်ဆိုပြီး သူ့လက်သူ အုပ်ကိုင်တဲ့နေရာကို ကြည့်လိုက်တော့ တံတောင်ဆစ်မှာ ပွန်းသွားတာကို တွေ့လိုက်ရတယ်။

' ဒီမှာ ဘာဖြစ်သွားသေးလဲ... မင်းတို့က လမ်းပေါ်မှာ တက်စီးနေတော့ ဟွန်း တီးလိုက်တာ။ လန့်ပြီး လဲ ကျသွားမယ် မထင်ဘူး။'

ရိပေါ် အလုပ်ကနေ ပြန်လာတော့ ရပ်ကွက်ထဲမှာ လူတစ်ယောက် စက်ဘီးတစ်စီး နဲ့ အနောက်မှာလည်း ကျစ်ဆံမြည်း နှစ်ဖက်နဲ့ ကလေးတစ်ယောက်တင်ပြီး လမ်းပေါ် တက်စီးနေတာ တွေ့လိုက်ရတယ်။

အစတော့ ရိပေါ် နောက်ကနေပဲ ဖြေးဖြေး သွားနေသေးတယ်။ ကြာတော့ ရှေ့က စက်ဘီးက လိပ်လို သွားနေပြီး တည့်တည့်လည်း မသွားပဲ ဟိုကွေ့ ဒီကွေ့နဲ့ သွားနေတာ တွေ့လိုက်ရတယ်။ ဒီအရွယ် ရောက်နေပြီ စက်ဘီးက မစီးတတ်သေးဘူး။ ရိပေါ် စိတ်မရှည်တော့တာကြောင့် ဟွန်း တီး လိုက်တာ ဖြစ်တယ်။

ရိပေါ် ဟွန်း တီး လိုက်မှ အရှေ့မှာ သွားနေတဲ့ စက်ဘီးက ရုတ်တရက် လမ်းဘေး ထိုးကျသွားပြီး လဲ ကျသွားတာ တွေ့လိုက်ရတယ်။

Blind Date  ( Completed )Where stories live. Discover now