Ep - 24

1.5K 127 0
                                    

' အပါး ......'

ရိပေါ် သူ အိမ်ထဲ ဝင်တာနဲ့ သူ့ဆီ ပြေးလာတဲ့ မီးမီး ကြောင့် မီးမီး နောက်က လိုက်လာတဲ့ ပေါင်ပေါင်းကို လက်ထဲက အထုပ်တွေ ပေးလိုက်ပြီး ကလေးကို ချီလိုက်သည်။

' မွ .... မွှေးလိုက်တာကွာ။ အပါး သမီးက ရေတောင် ချိုးပြီးပြီလား။'

' အင်း ကျနော် ချိုးတော့ မီးမီးက သူလည်း ချိုးမယ်ဆိုတာနဲ့ တစ်ခါတည်း ချိုးပေးလိုက်တာ။'

' ကော်ကော် လည်း မွှေးတယ် မွှေးကြည့်ပါလား။'

' အမ် .... ပေး မမွှေးပါဘူး။ မီးမီး အပါး က ခုမှ ပြန်လာတာ ညစ်ပတ်တယ်။'

ရိပေါ် သူ့ကော်ကော် စကား ကြားပြီး သူ့ကို သနားတဲ့ မျက်နှာလေးနဲ့ ကြည့်လာတဲ့ မီးမီး ကြောင့် ....

' ရွှတ် .....'

' ယေးးးး .... ကော်ကော် အပါးဆီ အမွှေး ခံ လိုက်ရပြီ။'

ရှောင်းကျန့် သူ့ပါးကို နမ်းပြီး ပြုံးတုံ့တုံ့ လုပ်နေတဲ့ ကိုကိုနဲ့ သူ နမ်းခံလိုက်ရတာကို လက်ခုပ်တီးပြီး ပျော်နေတဲ့ မီးမီးကို ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။

' ကဲ .... ကိုကို ကလေးကို ချပေးလိုက်တော့။ ပြီးရင် ရေသွားချိုး။ ညစာ ပြင်ထားပေးမယ်။'

' မိန်မိန် ကော ပြန်မလာသေးဘူးလား။'

' ပြန်လာပြီ။ ကိုကို့ ရှေ့ပဲ ရောက်တာ။ သူလည်း ရေသွားချိုးနေတယ်။'

' အင်း။ ဒါဆို မီးမီး ကော်ကော် နဲ့ နေခဲ့နော်။ အပါး ရေသွားချိုးအုံးမယ်။'

' ဟုတ်။'

~~~~~~~~~

ရိပေါ် ရေချိုးပြီး ပြန်ဆင်းလာတော့ သူ့ကိုပဲ စောင့်နေတာ တွေ့လိုက်ရသည်။

ရှောင်းကျန့် ကိုကို ဝင်ထိုင်တာနဲ့ ဟင်းခပ်ထည့်ပေးလိုက်သည်။

' ရော့ ... ကိုကို စားကြည့် ကျနော် ချက်ထားတာ။'

' အင်း။'

' မီးမီး အပါး နဲ့ စားမယ်။'

' ရှောင်ဟွာ !!!!!!.'

Blind Date  ( Completed )Where stories live. Discover now