Ep - 12

2.4K 202 7
                                    

' မား ... တကယ်ပဲ သား ကိစ္စကို လုံးဝ သဘောမတူဘူးလား။'

' ငါ မတူလည်း သူက တစ်ယောက်တည်းပဲ နေသွားမယ်လို့ ပြောနေတာမလား။'

' အဲ့ဒါဆို မား သဘောတူမှာလား။'

' ငါတို့မှာ သူ တစ်ယောက်ပဲ ရှိတာလေ။ တစ်ခြား မိန်းကလေးနဲ့ အတင်း ပေးစားလိုက်မှ အိမ်ထောင်ရေး ဖောက်ပြန်တာ ကွဲတာမျိုး ဖြစ်ရင် ငါတို့ ပိုပြီး အရှက်ကွဲရမှာ။'

' သမီးလည်း အဲ့ဒါတွေ တွေးမိတယ်။ အဲ့ဒါကြောင့် သားကို သူ ချစ်တဲ့လူနဲ့ပဲ သဘောတူပေးလိုက်တော့မလားလို့။'

' နေပါအုံး။ တကယ်ပဲ သူ ကြိုက်နေတဲ့ တစ်ယောက်က ဘယ်သူ့ သားသမီးလဲ။ ဘယ်မျိုးရိုးကလဲ။'

' သမီးလည်း သေချာ မသိဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက် တွေ့တာ ကြာအုံးမှာ မဟုတ်သေးဘူး။ သမီးတို့ အိမ်ကို လာတုန်းက ဆိုရင် တလတောင် မရှိသေးဘူး။'

' ဟွန့် တစ်လ လေး တွေ့တာနဲ့ တကယ် ချစ်သွားတယ်ပေါ့။ ဝမ်ရိပေါ်က လုပ်လိုက်ရင် အဆန်းပဲ။ ပြီးတော့ ဟိုကောင်လေးကရော သူ့ကို ပြန်ကြိုက်ပြီလား။

ငါတို့ အဲ့ကောင်လေး အိမ်ကို စုံစမ်းပြီး သွားပြောလိုက်မလား။ ရိပေါ်နဲ့ ကြိုက်နေရင်တောင် အဆက်ဖြတ် ပေးဖို့။'

' မား ရယ်။ မားရဲ့ မြေးက သူမှ မဟုတ်ရင် ဘယ်သူ့မှ မယူဘူးလို့ စကားအဆုံး ပြောပြီးပြီလေ။ သမီးတို့ သွားပြောလည်း ဘာထူးမှာလဲ ...'

' အမလေး ... အမလေး ... ငါ သေချင်တယ်။ သေချင်တယ်။ ငါလည်း လိင်တူ စုံတွဲတွေ ရှိတဲ့ နိုင်ငံမှာ နေလာခဲ့တာပါ။ ဒါပေမယ့် ကိုယ့်မြေးကပါ ဖြစ်နေတာကိုတော့ သဘောမတူချင်ဘူး။'

' ဘယ်တတ်နိုင်မလဲ မားရယ်။ သားရဲ့ ကံတရားပဲပေါ့။ သူ့အသက်ကလည်း စိတ်ကစားတတ်တဲ့ အရွယ် မဟုတ်တော့ နင် ခဏတာ စိတ်ကစားတာ နေမှာလို့ ချော့ပြောလည်း မရဘူး။ ပြီးတော့ သမီး သူ့ကို အိမ်ထောင်ဖက်တွေ သွားတွေ့ခိုင်းတာလည်း မငြင်းပဲ သွားရှာပါတယ်။ အဲ့ဒါတောင် အဲ့ဒီချောချောလှလှ မိန်းကလေးတွေကို စိတ်မဝင်စားခဲ့ဘူးလေ။ သားက အဲ့ကောင်လေးကို တကယ်ပဲ သဘောကျသွားတာ နေမှာပါ။'

Blind Date  ( Completed )Where stories live. Discover now