Ep - 15

2.3K 183 2
                                    

💌 🦁 ပေါင်ပေါင်း နေ့လည်စာ အတူစားရအောင်။

💌🐰 အလုပ် လုပ်နေတယ်။ 👊🏼

💌🦁 ကိုယ်က ထိုင်နေတာ။ 🤕

' ဟိ ....'

လန်ဟွား ရှောင်း ကို ကြည့်မရတော့ပါ။ ရုံးရောက်ကတည်းက လက်ထဲက မချသေးတဲ့ ဖုန်း ခုလည်း ရယ် နေပြန်ပြီ။

' ရှောင်း ... နင် ဆေးသောက်ခဲ့ဖို့ မေ့လာတာလား။'

လန်ဟွား သူ့ကို စကား မပြန်လာတာကြောင့် ကြည့်လိုက်တော့ ဖုန်း ကို ကြည့်ပြီး ပြုံးပြီး စာရိုက်နေတဲ့ ရှောင်း ကို တွေ့ရသည်။

' ဘုန်းးးး .....'

' အာ .... လန့်တာကွာ။ ဘာဖြစ်တာလဲ။'

ရှောင်းကျန့် ကိုကို နဲ့ စာတွေ ပို့နေတုန်း ခုံကို တစ်ခုခု နဲ့ ရိုက်လိုက်တဲ့ အသံကြောင့် လူတောင် တုန်ခနဲ ဖြစ်သွားရသည်။

' နင်က ဘာလုပ်နေတာလဲ။'

' ကိုကို နဲ့ စာပို့နေတာလေ။'

' ဝေါ့ .... အန်ချင်လိုက်တာ။ ရည်းစား မထားဖူးမှန်း သိသာတယ်။'

' အောင်မာ နင်ကျ ခုထိ ရည်းစားတောင် ရှိသေးလို့လား။'

' ဟွန့် အပူမရှာချင်ဘူး။'

' ဟွန့် ... အဲ့လိုပဲ ပြောရမှာပေါ့။ အသက်က ကြီးနေပြီ ဘယ်သူက လာကြိုက်မှာလဲ။ ရည်းစားရချင်ရင် sugar mommy လုပ်မှပဲ ရမယ်။'

' အမလေးဟဲ့ .... နင်လည်း ခုမှ ရည်းစား တစ်ယောက် ကောက်ရသွားလို့ ပြောအား ရှိသွားတာပါ။'

' ဟဲ့ ... စကား ပြော ကြည့်ပြော။ ရည်းစား မဟုတ်ဘူး။ လက်ထပ်မယ့် ချစ်သူ။'

' တော် .... တော်လိုက်တော့။ ငါ အပြင်သွားလိုက်အုံးမယ်။'

' ဘယ်သွားမှာလဲ။'

' လင်ဝေ့ ကိုလည်း သွားကြည့်ရမှာ။ သူ့ကို ဒီနေ့ အဲ့အိမ် အပြီးလုပ်ဖို့ ပြောထားတာ။ ပြီးတော့ xx ဗီလာ ဘက်လည်း ခန သွားကြည့်မလို့။'

' အင်း။ ပြီးရော ။ ငါ ရုံးမှာပဲ နေခဲ့လိုက်မယ်။'

' အင်း။ ဒါဆို ငါ သွားပြီ။'

~~~~~~

' ပေါင်ပေါင်း ဘာလို့ စာ မပြန်လာတော့တာလဲ ...'

Blind Date  ( Completed )Where stories live. Discover now