Ep - 9

2.2K 184 0
                                    

မနက်ခင်း အလင်းရောင် ဖြာကျလာတဲ့ အခန်းတစ်ခုတွင် အစောကြီး ထ တတ်တဲ့ လူက ထုံးစံအတိုင်း မျက်လုံး နှစ်လုံး ပွင့်လာပါသည်။

ရှောင်းကျန့် မျက်လုံး ဖွင့်လိုက်တော့မှ မျက်လုံးတွေ စပ်၊ နှာတွေ မွှန်လာပြီး လည်ချောင်းပါ နာလာတာကို ခံစားမိသွားသည်။

' သွားပြီ။ ဆေးသောက် အိပ်လိုက်မှ ပိုဖျားသွားပြီထင်တယ်။'

' ဒေါက် ဒေါက် .... သား ကျန့်ကျန့် !!. မား ဝင်လာမယ်နော်။'

ရှောင်းကျန့် မားရဲ့ အသံ ကြားပေမယ့် ပြန်တောင် မထူးချင်လောက်အောင် အဖျားဒဏ်ကို ခံစားနေရသည်။

' ဘယ်လိုလဲ သား သက်သာလား။'

' မသက်သာဘူး မား။ အခု နှာတွေ မွှန်ပြီး လည်ချောင်းပါ နာလာပြီ။'

' ဟင် ... ဒါဆို ဘယ်လိုလုပ်မလဲ။ ဆရာဝန် ပင့်မှ ရတော့မယ် ထင်တယ်။'

' ရတယ် မား။ သား ခနနေ လန်ဟွားကို ခေါ်ပြီး သူ့ကို လိုက်ပို့ခိုင်းလိုက်မယ်။'

' အင်း အင်း။ ဒါဆို အခု ဘာစားမှာလဲ။ ခေါက်ဆွဲပြုတ် စားမလား။'

' ဘာမှမစားချင်ဘူး။ သား ခန ပြန်အိပ်အုံးမယ်။ ခေါင်းကို မထောင်ချင်ဘူး ဖြစ်နေတာ။'

' အင်း အင်း။ အိပ် အိပ်။ သမီး လန်ဟွားကိုလည်း လာခိုင်းဖို့ မမေ့နဲ့အုံး။'

' ဟုတ် ....'
~~~~~~~~
' တင်း တောင် တင်း တောင် .....'

' သမီး လန်ဟွားတောင် ရောက်ပြီ ထင်တယ်။'

ရှောင်မား ဘဲလ်တီး သံ ကြောင့် အိမ်ရှေ့ကို အပြေးလေး ထွက်လာလိုက်သည်။

ရှောင်မား ခြံတံခါး ဖွင့်ပေးလိုက်ပြီး ....

' လာ ... သမီး။ ကားကိုပါ အထဲ ယူလာလိုက်လေ။'

' ဟုတ် အန်တီ။ ရှောင်း က အခြေနေ တော်တော်ဆိုးနေတာလား။ သမီးကို ဖုန်းဆက်တော့ အသံက တစ်မျိုး ဖြစ်နေလို့။'

' အင်း အခုက ဖျားတာနဲ့ နှာစေး၊ လည်ချောင်းနာ အကုန်တွဲပါလာတာပဲ။ အခု သားကလည်း အဲ့ဒါတွေပါ ဖြစ်နေတာ။'

' ဟုတ် ဒါဆို သမီး ကား ယူလိုက်အုံးမယ်။ အန်တီ အိမ်ထဲ အရင်ဝင်နှင့်လိုက်ပါ။'

Blind Date  ( Completed )Where stories live. Discover now