Ep - 5

2.6K 242 6
                                    

' ရှောင်း .....

ရှောင်း .....

ဟဲ့ ....'

' အာ .... ဘာလဲ။ ဘာလို့ အဲ့လောက် အော် နေတာလဲ။'

' နင် ဖြစ်နေတာလေ။ ခေါ် မကြား အော် မကြားနဲ့ ဘာဖြစ်နေတာလဲ။'

ရှောင်းကျန့် လန်ဟွား ပြောမှ ဒီဇိုင်းဆွဲဖို့ ပြင်နေရင်း ရပ်လိုက်ပြီး ဆုံလည် ကုလားထိုင်ကို နောက်လှန်မီလိုက်တယ်။

' မသိတော့ပါဘူး။ ဘာဖြစ်နေမှန်း။'

' ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ။ ငါ့ကို ပြောပြလေ။'

' ငါ ... ငါ တကယ် ယောကျာ်းလေး တစ်ယောက်ကို စိတ်ဝင်စားနေပြီလား မသိဘူး။'

' ဟင် တကယ်!!! ဘယ်သူလဲ ဘယ်ကလဲ ....'

' နင် ငါ ယောကျာ်းလေးကို သဘောကျတာ အဲ့လောက်တောင် ပျော်လား။'

ရှောင်းကျန့် သူ ပြောတာနဲ့ မျက်လုံးတွေ အရောင်လက် လာပြီး လေသံကပါ တက်ကြွလာတဲ့ လန်ဟွား ကြောင့် ရွဲ့မေးလိုက်တယ်။

' အဟီးးး အေးပေါ့။ ငါက LGBT supporter ပါဆို ခုလို ကြားရတော့ ဝမ်းသာသွားတာ။'

' ဖြစ်ရတယ်။ ငါ အခုလို ယောကျာ်းလေးကို စိတ်ဝင်စား သွားတာလဲ အဲ့ဒါ နင့်ကြောင့်ပဲ နင် လာပြောပြလို့ ငါ စိတ်ပါသွားတာ။'

' အမယ်!!!! ပြောတိုင်းသာ စိတ်ပါရင် ငါတို့ ship ပေးနေတဲ့ Idol တွေ အကုန် ညားကုန်ပြီပေါ့။ နင်ကိုက အရင်ကတည်းက မိန်းကလေးတွေ မကြိုက်ပဲ ယောကျာ်းလေးပဲ စိတ်ဝင်စားနေလို့ ငါ ပြောလိုက်တာနဲ့ နင့် Gender တိမ်းညွှတ်မှုကို လွယ်လွယ် သိသွားရတာပေါ့။

ဒါနဲ့ အဲ့တစ်ယောက်က ဘယ်သူလဲ ...'

' ငါတို့ ရပ်ကွက်ထဲကပဲ... တွေ့တာ တစ်ခါ နှစ်ခါပဲ ရှိသေးပေမယ့် ခုတလော သူ့ကို ခန ခန သတိရနေတယ်။'

' သေချာပြီ။ အဲ့ဒါ စိတ်ဝင်စားနေတာ။ ဘာလဲ အန်တီကို ငါ ပြောခိုင်းထားတာ မပြောဘူးလား။ အဲ့ဒါကြောင့် နင် ယောကျာ်းလေး သဘောကျတာကို သိမှာ ကြောက်ပြီး စိတ်ညစ်နေတာလား။'

' မား ကြောင့်ဆို စိတ်ညစ်နေစရာ မလိုဘူး။ နင် ပြောခိုင်းတာ ပြောပြီးသွားပြီ။ ငါသာ လက်ထပ်သွားပြီးရင် ပြီးရော ဘာဖြစ်ဖြစ်တဲ့ ....'

Blind Date  ( Completed )Where stories live. Discover now