Ep - 8

2.2K 200 4
                                    

Korea ..... Seoul .........

ဆွမ်းယန့် သူ့ရှေ့မှာ ထိုင်နေတဲ့ လူကို ကြည့်လိုက်ပြီး ...

' ရှင် ... ကျမကို ဘာမှ ရှင်းပြစရာ မရှိဘူးလား။'

' ကိုယ့်မှာ ရှင်းပြစရာ မရှိတော့ဘူး။ ကိုယ်လည်း ဒီလောက်ထိ ဖြစ်သွားမယ် မထင်ဘူး။'

' သူ့မှာ ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေတာတောင် ဒီလောက်ထိ ဖြစ်သွားမယ် မထင်ဘူးတဲ့လား။ ရှင် ကျမ နဲ့ သမီး အပေါ် ဘယ်လို လုပ်ရက်တာလဲ။'

' ကိုယ်တို့ စီးပွါးရေး အခြေနေ မကောင်းတော့ သူ့ အဖေဆီက အကူညီ ယူရင်း သူနဲ့လည်း မကြာခဏ တွေ့ဖြစ်ခဲ့တာ။

ဒါပေမယ့် ကိုယ်ဝန်ကတော့ ကိုယ် တမင်တကာ ဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်မှာ အိမ်ထောင်ရှိတယ်ဆိုတာလည်း ပြောထားပြီးသား။ ဒါပေမယ့် ကိုယ် ဆေးခပ် ခံခဲ့ရပြီး သူနဲ့ လွန်ကျွံသွားခဲ့တယ်။'

' အဲ့ဒါ ကျမကို ဘာလို့ မပြောခဲ့တာလဲ။ စီးပွါးရေး အဆင်မပြေတာ၊ ကျမတို့က လင်မယားတွေ မဟုတ်ဘူးလား။ အခု ကျမ လာတာ ရှင်နဲ့ ကွာရှင်းဖို့ထိ ဖြစ်သွားမယ်လို့ မတွေးထားခဲ့ဘူး။ ရှင် ကျမ အတွက် မဟုတ်ရင်တောင် သမီး အတွက် ခြေလှမ်းတွေ ပြင်ပေးမယ် ထင်ထားတာ။'

' ကိုယ်က ဘယ်လိုပြောရမှာလဲ။ ယောကျာ်း တစ်ယောက် ဖြစ်ပြီး မင်းကို ယူထားတာတောင် မင်းတို့နဲ့ လိုက်မနေနိုင်ပဲ မိဘတွေကို လုပ်ကျွေးနေရတဲ့ ကောင်။ ပြီးတော့ မင်း မိသားစုက ကိုယ့်ကို သုံးစားမရတဲ့ ကောင်လို့ ထင်သွားမှာ။ အဲ့ဒါကြောင့် ကိုယ် ပိုက်ဆံတွေ စု ပြီး စီးပွါးရေး လုပ်လို့ ရတဲ့ အခြေနေရောက်တော့ လိမ်ခံလိုက်ရတယ်။ ကိုယ် မင်းကို သစ္စာဖောက်ဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့် ကိုယ့်ခြေလှမ်းတွေက ပြင်လို့ မရတော့ဘူး။'

ဆွမ်းယန့် သူ့ရှေ့က လူကိုကြည့်ပြီး လှောင်ရယ် ချင်ပေမယ့် အရင်က ချစ်ခဲ့ဖူးတဲ့ အချိန်တွေ ပြန်သတိရပြီး မရယ်ဖြစ်တော့ပါ။ ဒီလူ ပွေရှုပ်တာ သိပေမယ့် တစ်ခြား မိန်းကလေး တစ်ယောက်နဲ့ ကိုယ်လက် ကျူးလွန်တဲ့ထိ ဖြစ်နေမယ်လို့ မထင်ထားခဲ့ပါ။

အခု ဒီလူ ပြောနေတာတွေကလည်း အကုန်လုံး မှန်နေလား အလိမ်ညာတွေ ပါနေမှာလားဆိုတာကတော့ သူ ကိုယ်တိုင်ပဲ သိလိမ့်မယ်။

Blind Date  ( Completed )Where stories live. Discover now