Ep - 7

2.4K 197 1
                                    

ရိပေါ် ရှောင်းကျန့်ကို ချော့ရမှာ ဖြစ်တာကြောင့် အိမ် ပြန်ရောက်တာနဲ့ အိမ်အပေါ်ထပ်ကို တန်းတက်သွားသည်။ ဒါပေမယ့် ....

' သား ... ဒီနေ့ နောက်ကျလှချည်လား။'

ရိပေါ် ဘယ်နားက ထွက်လာမှန်း မသိ တဲ့ မားက သူ့ကို ဆီး မေးလိုက်တာကြောင့် ခြေလှမ်းတွေ ပြန်ရုတ်လိုက်ရသည်။

' ဟုတ်တယ် မား။ မနက်ဖြန် ရှန်ဟိုင်း ရုံးခွဲသွားကြည့်ဖို့ လိုအပ်တာတွေ ပြင်ဆင်နေတာ။'

' ဪ .... သား ကိုယ်တိုင် သွားရမှာလား။'

' ဟုတ်တယ် မား။ သူတို့ကိုလည်း သွား မကြည့်တာ ကြာပြီလေ။ အဲ့ဒါကြောင့် ပြောစရာတွေ များလာလို့ သား ကိုယ်တိုင် သွားမှ ရတော့မှာ။'

' အင်းပါ။ အလုပ်လည်း လုပ် မား ကိုလည်း ချွေးမ ရှာပေးဖို့ မမေ့နဲ့။'

' မား ရာ ... အဲ့ဒါပဲ ပြောနေတော့မှာလား။ သား မှ သူတို့ကို သဘောမကျတာ။'

' ဪ ..... မကျဘူးဆိုတာနဲ့ပဲ ပြီးသွားမှာ မဟုတ်ဘူးလေ။ သား အဖွား လာရင် ပိုဆိုးမှာနော်။'

' ဟင် .... ဖွားဖွား လာမှာလား။'

' အင်း လာလည်မယ်တဲ့။ ရက်တော့ မသိသေးဘူး။ မား ကို မေးနေတာ သားမှာ ကြင်ဖက်တွေ့နေတာ ဘယ်လိုလဲ တဲ့ မဟုတ်ရင် သူ ရှာပြီး ခေါ်လာခဲ့မယ် တဲ့။
သား အဖွား ရှာပြီး ခေါ်လာရင် ပိုဆိုးမှာနော်။ အဲ့ဒါကြောင့် မား သား ကို ပြောနေတာ။'

' ဟာ ... ကျနော် အိမ်ထောင်ပြုဖို့ ဘာလို့ အဲ့လောက် အရေးကြီးနေတာလဲ။'

' ကြီးရမှာပေါ့ မားတို့ မှာ မျိုးဆက်ဆိုလို့ သား ပဲ ရှိတာလေ။ ပြီးတော့ သား အခု အသက်က အိမ်ထောင်ပြုဖို့ နောက်တောင် ကျနေပြီ။'

' ယောကျာ်းလေးတွေက အသက် ၄၀ မှ ဘဝ စ တာပါ။ မား တို့ကပဲ ပြောနေတာ ကျနော့် သူငယ်ချင်းတွေဆိုလည်း ဘယ်သူမှ အိမ်ထောင်ပြုကြသေးတာ မဟုတ်ဘူး။'

' တော်ပြီ ... သား မရှာနိုင်ရင် မား စီစဉ်ပေးတာပဲ လက်ခံလိုက်တော့။ Blind Date တွေ ဘာတွေ လုပ်မနေတော့ဘူး။ တစ်ခါတည်း ပေးစားမယ်။'

' မား နော်။ အဲ့လို မလုပ်နဲ့ သား စိတ်မပါရင် ဘယ်သူ့မျက်နှာဖြစ်ဖြစ် ထောက်မှာ မဟုတ်ဘူး။'

Blind Date  ( Completed )Tempat cerita menjadi hidup. Temukan sekarang