Ep - 2

3.5K 287 16
                                    

GG နာမည် ဖြင့် ဒီဇိုင်းပိုင်း နဲ့ ပတ်သက်ပြီး အလွှတ်တန်း ဆွဲတဲ့ အဖွဲ့အစည်း တစ်ခု၏ ရုံးထဲတွင် ....

' ဒီနေ့ ငါတို့ အရေးကြီး ဖောက်သည် ရှိလား။'

' မရှိဘူး။ ဘာလဲ နင် သွားစရာ ရှိနေပြန်ပြီလား။'

' ဟုတ်တယ်။ မား အကြောင်း နင်လည်း သိတာပဲ။ ငါလည်း တွေ့ရာ ကောက်ယူ လိုက်ရတော့မလား မသိဘူး။ အခုထိ ငါ လိုချင်တဲ့ ပုံစံမျိုးကို မတွေ့သေးတာ။'

' နင် သွား သွားတွေ့နေတာ ဘယ်နှစ်ယောက် ရှိပြီလဲ။ နင့် အကြိုက်မပါသေးဘူးလား။'

' ငါ့ အသက် ၃၅ ပြည့်ကတည်းကလေ စဉ်းစားကြည့်လိုက်တော့ပေါ့။'

' ဟား ဟား ... ငါ့ကို ကြိုက်လိုက်ပါဆိုတော့ မကြိုက်ပဲနဲ့။'

' နင့်ကို ကြိုက်မယ့် အစား ငါ ဘုန်းဘုန်းပဲ သွားဝတ်လိုက်တော့မယ်။'

' ဟဲ့ ... အဲ့လောက်ထိလား။ ငါက ဘာဖြစ်နေလို့လဲ။ အလိမ်မာ အိမ်ပါ တဲ့ ရုပ်လေးပါ။'

' တော် တော် ... နင့်ကိုပါ ငါ့အိမ် ခေါ်သွားရင် ငါ့လည်ပင်းငါ ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာ။ အခုတောင် အိမ်မှာ ငါ့ မား နဲ့ ငါ့ညီမ နှစ်ယောက်နဲ့တောင် နေစရာကို မရှိတော့ဘူး။'

' နင်ကိုက ချေးများနေတာ။ နင့် မား စီစဉ်ပေးတာဆိုတော့ ရုပ်ဆိုးတာတွေ မပါလောက်ပါဘူး။ အဲ့ထဲက တစ်ယောက် ရွေးလိုက်တောပေါ့။ မဟုတ်ရင် ခုလိုတွေ Blind Date သွားနေရမှာပဲ။'

' မသိဘူးဟာ။ သူတို့ လှနေလည်း ငါက ရင်မခုန်တော့ခက်တယ်။'

' ဘုန်း ... ဖျောက် ....

ငါ သိပြီ။'

' အမ် ... ဘာ ဘာ သိတာလဲ...'

ရှောင်းကျန့် လန်ဟွားရဲ့ စားပွဲခုံကို ရိုက်ချပြီး လက်ဖျောက်တီးလိုက်တာကြောင့် လန့်သွားရတယ်။ အဲ့လို ရုပ်ပိုင်းဆိုင်ရာ ကြမ်းတမ်းနေတာကို ငါ့ကို လာယူခိုင်းချင်နေသေးတယ်။ အဲ့လို ကြမ်းတမ်းနေလို့လဲ ခုထိ ယောကျာ်း မရသေးတာ။

' နင် အခု သွားတွေ့တာ မိန်းကလေးတွေချည်းပဲမလား။'

' အေးလေ.... ကြင်ဖက် သွားတွေ့ပါတယ်ဆိုမှ မိန်းကလေးပေါ့။ ဘာလဲ ငါက မယူဘူး ပြောလို့ တစ်ခန်းလွှတ်သွားတာလား။'

Blind Date  ( Completed )Where stories live. Discover now