Ep - 14

2.3K 183 6
                                    

' အာ .... ရှောင်းကျန့် !!! ဘာလဲကွာ ... လူကို မရိုးမယွ ဖြစ်အောင် လုပ်သွားတယ်။ ဖုန်းခေါ်တော့လည်း မကိုင်ဘူး။ မနက်ဖြန် ရောက်မှ တွေ့မယ်!!!!..'

ရိပေါ် နောက်တစ်ခေါက် ရေပြန်ချိုးပြီး အိပ်ပျော်အောင် အိပ်လိုက်တော့သည်။

~~~~~~

' အားးးးး ငါ ဘာလို့ သူ့ကို ကိုကို လို့ သွားခေါ်လိုက်တာလဲ။ ရှက်လိုက်တာ...'

ရှောင်းကျန့် သူ့အရုပ်နဲ့ မျက်နှာကို အပ်လိုက်ပြီး အိပ်ယာထဲ လူးလှိမ့်နေလိုက်ရင်း ခုန ကိစ္စကို မျက်လုံးထဲ ပြန်မြင်ယောင်လာတယ်။

ရှောင်းကျန့် သူ ရိပေါ် ကားပေါ် တက်ပြီးသွားမှ ရိပေါ် ကို ကိုကို လို့ သူ့ ပါးစပ်ကနေ ခေါ်လိုက်သည်။ ပြီးတော့ ရိပေါ် ကား ပေါ်က ပြန်ဆင်းမယ့်ပုံစံ လုပ်တော့မှ သူ့ ဘာသာ ခေါ်လိုက်တာကို သတိရပြီး အိမ်ထဲ အမြန်ပြန်ပြေးဝင်လာခဲ့လိုက်တာ။

' နင်ပြောကြည့် ငါ အဲ့လိုခေါ်တာ သူ ကြိုက်ပါ့မလား။ ဟင် ???.'

ရှောင်းကျန့် သူ့မျက်နှာနဲ့ အပ်ထားတဲ့ SpongeBob အရုပ်ကို ပြန်ခွါပြီး မေးလိုက်သည်။

' ကြိုက်တယ် ဟုတ်လား။'

ရှောင်းကျန့် သူ့လက်နဲ့ အရုပ်ကို ခေါင်းငြိမ့်တဲ့ ပုံစံလုပ်ပြီး သူ့လိုရာ ဆွဲသွင်းနေလိုက်သည်။

' ငါလည်း သိတယ် သူ ကြိုက်မယ်ဆိုတာ။'

ရှောင်းကျန့် သူ့ အရုပ်ကို ပြန်ဖက်လိုက်ပြီး မျက်လုံး မှိတ်ထားလိုက်သည်။

~~~~~~~

ရိပေါ် မျက်လုံး နှစ်လုံး ဖွင့်လာတာနဲ့ ရှောင်းကျန့်ကို ဖုန်းဆက်ဖို့ အရင် သတိရသည်။ ရိပေါ် ထ ပြီး ရှောင်းကျန့် ဆီ ဖုန်း ဆက်ပေမယ့် ခုထိ ဖုန်း မကိုင်ပါ။

' ဟင် ... မ ထ သေးတာမျာလား။ ဘာလို့ ဖုန်းမကိုင်သေးတာလဲ။'

ရိပေါ် အလုပ်သွားရင် ရှောင်းကျန့် အိမ်ဘက် အရင် သွားပြီးမှ အလုပ်ဆက်သွားဖို့ တွေးလိုက်သည်။

' မား ၊ ဖွားဖွား မောနင်း။'

' အေး မောနင်း သား။'

Blind Date  ( Completed )Where stories live. Discover now