Ep - 10

2.3K 189 2
                                    

ပေကျင်း လေဆိပ်တွင် .....

' အဖွား အိတ်ပေး သမီးရဲ့ လှည်းပေါ် တင်ခဲ့လိုက်။'

' အေး အေး သမီး။'

ဆွမ်းယန့် အဖွားရဲ့ အိတ်ကို ယူပြီး သူ့လှည်းပေါ် တင်လာလိုက်သည်။ အဖွားကို ကြည့်တော့ အိမ်ကိုလား မသိ ဖုန်းဆက်နေပုံ ရတာကြောင့် သူလည်း ကောကော ကို လာကြိုဖို့ ဖုန်းဆက်လိုက်သည်။

ဆွမ်းယန့် သူ ဖုန်းဆက်ပြီးသွားတော့ အဖွားလည်း ဖုန်းပြောပြီးသွားတာကို တွေ့ရသည်။

' အဖွား ကို လာကြိုမယ့် လူ ရှိလား။'

' မရှိဘူး။ အဖွားရဲ့ မြေးက ပေကျင်းမှ မရှိဘူးတဲ့။ အငှါးနဲ့ ပြန်ရမှာ။'

' ဒါဆို သမီး နဲ့ တူတူ ငှါးလိုက်မယ်လေ။ သမီး လည်း လာကြိုမယ့် လူ မရှိဘူး။'

' အင်း ဒါဆို အဲ့လိုပဲ လုပ်ကြမယ်လေ။'

သူတို့ Terminal က ထွက်တော့ အငှါးကားကို ငှါးလိုက်ကြသည်။

' ဘယ်ကို သွားမှာလဲ...'

' ကျမက xxx မှာ။ အဖွားရော ....'

' အဖွားလည်း သမီး ပြောတဲ့ နေရာပဲ...'

' ဟင် သမီး တို့ ရပ်ကွက်ထဲမှာပဲလား။'

' ဟုတ်လား။ ရပ်ကွက် တူနေတာလား။'

' ဟုတ်တယ်။ အရင်က အဖွား ပြောတဲ့ နေရာက သမီးတို့ ရပ်ကွက်နဲ့ မတူပါဘူး။'

' အင်း သူတို့ အိမ်ပြောင်းကြတာ သမီးတို့ ရပ်ကွက်ထဲ ပြောင်းလာမယ်မှန်း မထင်ထားဘူး။ ကောင်းသွားတာပေါ့ကွယ်။'

' ဟုတ်တယ်။'

' ကဲ ... အဖွား အရင် တက်။'

ဆွမ်းယန့် အဖွားကို ကား တံခါး ဖွင့် ပေးလိုက်ပြီး သူတို့ အဝတ်သေတ္တာတွေကို ကား နောက်ဖုံးမှာ သွားထည့်လိုက်သည်။

ဆွမ်းယန့် ကား ပေါ် တက်လိုက်ပြီး ...

' ဒါဆို ကား ဆရာ ကျမတို့ကို ပြောထားတဲ့ နေရာ လိုက်ပို့ပေးပါ။'

' ဟုတ်ကဲ့။'
~~~~~~~~~~
' သား ... ဒီနေ့ ကျ စောစော စီးစီး ဆင်းလာပါလား။ ဘယ်လိုလဲ သက်သာလား။'

' ဟုတ် မား။ မနေ့က ဆေးခန်း သွားလိုက်တော့ သက်သာသွားပြီ။ အခု သား ဗိုက်ဆာလာလို့။'

Blind Date  ( Completed )Opowieści tętniące życiem. Odkryj je teraz