Ep - 6

2.5K 221 1
                                    

ရှောင်းကျန့် လန်ဟွားနဲ့ နေ့လည်စာ စားပြီး သွားရမယ့် အိမ်ရှင် ဆီကို ထွက်လာလိုက်သည်။

ရှောင်းကျန့် သူ ရောက်တော့ အိမ်ရှင်က သူ့ရုံးက လွှတ်ထားတဲ့ အိမ်တွင်းပိုင်း အလှဆင်တဲ့ ကောင်လေးနဲ့ စကား ပြောနေကြတာကို တွေ့လိုက်ရသည်။

' ဆရာရှောင်း ....'

' အေး ... လင်ဝေ့ ...'

ရှောင်းကျန့် သူ ဝင်သွားတာနဲ့ သူ့ကို ခေါ်လိုက်တဲ့ ကောင်လေးကို ပြန်နှုတ်ဆက်လိုက်တယ်။

' ဪ .... ရောက်လာပြီလား။'

' ဟုတ်ကဲ့။ အန်ကယ် ... အိမ်တွင်း အပြင်အဆင် နည်းနည်း ညှိနှိုင်းချင်တယ် ပြောလို့ ကျနော် လာခဲ့တာပါ။ အန်ကယ် ဘယ်နားကို ပြင်ချင်တာလဲ မသိဘူး။'

လင်ဝေ့ ဆရာရှောင်း ရောက်လာတာနဲ့ ထုတ်ထားတဲ့ ဒီဇိုင်း စာရွက်တွေကို သွားယူလာလိုက်သည်။

' ရော့ ... ဆရာရှောင်း။'

ရှောင်းကျန့် လင်ဝေ့ ယူလာတဲ့ စာရွက်ကို ယူလိုက်ပြီး ...

' ဒါဆို ကျနော်တို့ ပြင်ပြီးတဲ့ အပြင်အဆင်တွေ ကြည့်ပီး အန်ကယ် ဘယ်နားက ပြင်ချင်လဲ ကျနော့်ကို ပြောလေ။ ကျနော် ထုတ်ထားတဲ့ ဒီဇိုင်းတွေ ကြည့်ပြီး အဆင်ပြေ မပြေ ညှိပေးမယ်။'

' အေး ... အဲ့လိုပဲ လုပ်ကြတာပေါ့။'

ရှောင်းကျန့် အိမ်ရှင်နဲ့ ပြီးသွားတဲ့ အခန်းတွေ လိုက်ကြည့်ပြီး အိမ်ရှင် ပြင်ချင်တဲ့ နေရာတွေကို မှတ်ထားလိုက်သည်။

သူတို့တွေ အကုန်ကြည့်ပြီးသွားတော့ ...

' ဒါဆို အခု အန်ကယ် ပြင်ချင်တဲ့ နေရာတွေ ကျနော် မှတ်ထားပြီးပြီ။ ကျနော် ဒီဇိုင်း ပြန်ပြင်ပြီး အတွင်းပိုင်းတွေ ထပ် မဆင်ခင် အန်ကယ်ကို အရင်ဆုံး ပြကြည့်မယ်။'

' ဟုတ်ပြီ။ ရတယ်။ အန်ကယ်က ဆွဲပြီးသား ဒီဇိုင်းတွေ ပြန်ပြင်ခိုင်းရတော့ အားနာနေတာ။'

' ရပါတယ်။ ကျနော်တို့ ဒီဇိုင်းပဲ ထုတ်ရသေးတာ။ အလှမှ မဆင်ရသေးတာ။'

' အေးကွယ်... မင်းတို့ company က တကယ်ကောင်းတာပဲ။ လူငယ်တွေ ဖြစ်ပြီး စိတ်လည်း ရှည်တယ်။ customer တွေကိုလည်း ကောင်းကောင်း ဆက်ဆံပေးတယ်။ အန်ကယ်တော့ မင်းတို့ကို အရမ်းသဘောကျသွားပြီ။'

Blind Date  ( Completed )Where stories live. Discover now