Ep - 20

2K 146 2
                                    

' အပါး က ဒီနေ့ ပဲ ချက်ချင်း ပြန်တော့မှာလား။'

' ဟုတ်တယ်။ အလုပ်က အကြာကြီး ပစ်ထားလို့ မကောင်းဘူးလေ။ သမီးပါ လိုက်ခဲ့လေ။ ကိုးရီးယားလည်း သွားမလည်ဖြစ်တာ ကြာနေပြီပဲ။'

' မား လည်း လိုက်ပြန်မှာလား။'

' အင်း ဟုတ်တယ်။ သမီး အပါးကို ကြည့်လိုက်အုံး ။ မား မရှိတော့ ဖြစ်သလို နေ နေတာ။'

' သမီး လည်း လိုက်ခဲ့ချင်ပါတယ်။ သား တို့က Switzerland ကို ဟန်းနီးမွန်း ထွက်အုံးမှာဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိတော့ဘူး။'

' ထားခဲ့လို့ ရပါတယ်။ ပြီးတော့ မြေးတို့က အကြာကြီး မသွားလောက်ပါဘူး။ သမီး တစ်ယောက်တည်း မလိုက်ချင်ရင် သမီးရဲ့ ခမည်း ခမက်ကိုပါ ခေါ်လိုက်လေ။ သူလည်း မားတို့ အိမ် ရောက်ဖူးသွားတာပေါ့။'

' ဟုတ် အပါး နဲ့ မား အရင် ပြန်လိုက်ပါ။ သမီးတို့ လာဖြစ်ရင်လည်း နောက်မှပဲ လိုက်လာခဲ့လိုက်မယ်။'

' အေး အေး။ ဒါနဲ့ မြေးတို့ ခုထိ ဆင်းမလာသေးဘူးလား။'

' ဟုတ်သား။ သမီး သွားကြည့်လိုက်မယ်။'

' ထားလိုက်ပါ။ သူတို့ အလုပ်မှ မသွားတော့တာ ခနနေ ဆင်းလာမှာပေါ့။'

အပါး ပြောမှ ဝမ်မား ကြွ ထားတဲ့ တင်ပါးကို ခုံမှာ ပြန်ကပ်လိုက်သည်။

~~~~~~~

ရိပေါ် နိုးလာတော့ ဘေးမှာ အိပ်မောကျနေသေးတဲ့ ပေါင်ပေါင်း ရဲ့ နဖူးကို လက်နဲ့ စမ်းကြည့်လိုက်သည်။

' နည်းနည်းတော့ နွေးနေသေးတယ်။'

ရိပေါ် ပေါင်ပေါင်း မနိုးအောင် ဖြေးဖြေးလေး ထလိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။ နာရီကြည့်လိုက်တော့ ၇ နာရီခွဲပြီ။

မနေ့ည ညလယ်ကြီး ပေါင်ပေါင်း အဖျားတွေ တက်လာလို့ သူ့မှာ ရေပတ်တိုက်ပေးလိုက်ရသေးတယ်။

' ဟက် .....'

ရိပေါ် မနေ့ည ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ မင်္ဂလာဦးည ကို ပြန်တွေးပြီး ဟက် ခနဲ ရယ်ချလိုက်တယ်။ မင်္ဂလာဦးညမှာ မြင်သာ မြင်ရပြီး မကြင်ရ ဖြစ်ခဲ့ရတဲ့ သူ့ အဖြစ်က လူ သိများလေ ပို အရှက်ကွဲလေ ဖြစ်မှာ။

Blind Date  ( Completed )Tempat cerita menjadi hidup. Temukan sekarang