Ep - 16

2K 165 2
                                    

' ပေါင်ပေါင်း .... ကိုယ့်အိမ် လိုက်ပြီး မား နဲ့ အဖွားကို ဝင်တွေ့လိုက်မလား။'

' ကောင်းပါ့မလား။ ဘာမှလည်း မယူလာရဘူး။'

' ဘာမှမဖြစ်ဘူး။ ပြီးတော့ ပေါင်ပေါင်း နဲ့ မီးမီး ကို မားက သိပြီးသားပဲကို။

မီးမီး ဦးဦး အိမ် အရင် လည်ပြီးမှ အိမ်ပြန်မလား။'

ရိပေါ် ပေါင်ပေါင်း ကိုလည်း ပြော ပေါင်ပေါင်း ပေါင်ပေါ်မှာ ထိုင်နေတဲ့ မီးမီး ကို လည်း မေးလိုက်သည်။

' ကော်ကော် ...'

ရှောင်းကျန့် ဝင်လည်ချင်တဲ့ မျက်နှာလေးနဲ့ သူ့ကို လှည်ပြန် မော့ကြည့် လာတဲ့ မီးမီး ကြောင့် ...

' အင်း ဝင်ကြမယ်။'

ရှောင်းကျန့် ကိုကို့ ကား ခြံထဲ ဝင်တာနဲ့ ခြေဖျား လက်ဖျားတွေ အေးလာသည်။ ဘယ်လိုပဲ သူတို့ကို သဘောတူတယ် ဆိုလည်း ခုလို ကိုကို နဲ့ လက်ထပ်မယ့် လူ အဖြစ်နဲ့ မျက်နှာချင်း ဆိုင်ရမှာကိုတော့ ကြောက််မိတာပဲ။

ရိပေါ် ကားကို ရပ်ပြီး ကားပေါ်က ဆင်းလိုက်ပြီး ပေါင်ပေါင်း ရှိတဲ့ ဘက်ကို ကား တံခါး သွား ဖွင့်ပေးလိုက်သည်။

' လာ ... မီးမီးကို ကိုယ် ချီလိုက်မယ်။'

ရိပေါ် ကြောက်နေပုံ ရတဲ့ ပေါင်ပေါင်း ကြောင့် လက်တစ်ဖက် ကလေးကို ချီထားလိုက်ပြီး၊ ကျန် လက်တစ်ဖက်က ပေါင်ပေါင်းရဲ့ လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။

' ပေါင်ပေါင်း လက်တွေ အေးနေတယ်။ အရမ်းကြောက်နေတာလား။ မတွေ့တော့ပဲ ပြန်လိုက်မလား။'

' အာ ... ကိုကို ကျနော့်နားမှာ ရှိနေမှာပဲ။ ကြောက်တော့ ကြောက်ပေမယ့် ရင်ဆိုင်လိုက်မယ်။ အခု ရှောင်လည်း နောက်ကျ ထပ်တွေ့ရမှာပဲလေ။'

' အင်း ပေါင်ပေါင်း နားမှာ ကိုယ် ရှိနေမယ်။ လာ ... ဝင်ရအောင်။'

သူတို့ အိမ်ထဲ ဝင်သွားတော့ ဧည့်ခန်းမှာ ဘယ်သူ့ကို မှ မတွေ့ရပါ။

ရိပေါ် မီးမီးကို ချပေးလိုက်ပြီး .....

' ပေါင်ပေါင်း ခန ထိုင်အုံး။ ကိုယ် မား ကို သွားကြည့်လိုက်အုံးမယ်။'

Blind Date  ( Completed )Where stories live. Discover now