Ep - 17

2K 163 1
                                    

' မား ... သား ပြောစရာ ရှိတယ်။'

' ဘာလဲ ....'

' အခု ပြောရမှာလား။'

' ဒါဆိုလည်း ထမင်းစား ပြီးမှ ပြော။'

' သမီး လည်း ပြောစရာ ရှိတယ်။'

ရှောင်းကျန့် နဲ့ ရှောင်မား မိန်မိန် ကို အတူတူ လှမ်းကြည့်လိုက်ကြသည်။

' မီးမီး လည်း ပြောစရာ ရှိတယ်။'

' ဟေ .... ဖွားဖွားရဲ့ မြေးက ဘာပြောချင်တာတုန်း။'

လူကြီး လုပ်တဲ့အတိုင်း လိုက်လုပ်တဲ့ မီးမီး ကြောင့် အကုန်လုံး ရယ် လိုက်ကြသည်။

' မီးမီး ကိုလည်း ငယ် နာမည်ခေါ် ....'

' အမ် .... အဟွတ် .. ဟွတ် ....'

' အယ် ... ကျန့်ကျန့် ဖြေးဖြေးစားလေ။'

ရှောင်းကျန့် မီးမီးရဲ့ စကားကြောင့် ရယ် နေရင်း သီး သွားရတယ်။ အဲ့ ငယ်နာမည်က မမေ့သေးဘူးလား။

' မီးမီး ရဲ့ ငယ်နာမည်က ရှောင်ဟွာ လေ။'

' အဲ့လို ဟုတ်ဘူး။ ကော်ကော် ကို ဦးဦး တစ်ယောက်က ပေါင်ပေါင်း လို့ ခေါ်တယ်။'

' ရှောင်ဟွာ !!!!!. ထမင်းစားရင်း စကား မပြောရဘူး။'

ရှောင်မား မီးမီးစကားကြောင့် သူ့ဘာသာ မလုံပဲ ထ အော် လာတဲ့ ကျန့်ကျန့် ကို ....

' ကလေးကို ဘာလို့ အော် နေတာလဲ။ ကလေးက မလိမ်တတ်ဘူး။ သား ဘာတွေ မဟုတ်တာ လုပ်ထားတာလဲ ...'

' အင်းလေ။ ကောကော မဟုတ်တာ မလုပ်ရင် မီးမီးက ပြောမလား။ ပြီးတော့ တခါမှ မမေးဖူးတဲ့ ငယ်နာမည်တွေ ဘာတွေပါ မေးလာတယ်။'

ဆွမ်းယန့်လည်း အမူအရာ ပျက်နေတဲ့ ကောကော ကြောင့် သူပါ ဘေးက ဝိုင်းတီးပေးလိုက်သည်။

' ဘာ ဘာမှ မလုပ်ပါဘူး။'

' အဲ့ဦးဦးက ကော်ကော်ရဲ့ လက်ကိုလည်း ဟော ဒီလို ကိုင်ထားသေးတယ်။'

ရှောင်းကျန့် တစ်ခုပြီး တစ်ခု ဖော်ကောင် လုပ်နေတဲ့ ရှောင်ဟွာ ကြောင့် နောက်ဆို ရှောင်ဟွာ ရှေ့မှာ ရိပေါ် ကို လက်မကိုင်ဖို့ ပြောထားဖို့ တွေးထားလိုက်ပါသည်။

Blind Date  ( Completed )Where stories live. Discover now