Ep - 21

2K 135 0
                                    

ရှောင်းကျန့် နိုး လာတော့ သူ့ဘေးမှာ အိပ်ပျော်နေသေးတဲ့ ကိုကို့ကို တွေ့လိုက်ရသည်။ အခုဆို သူတို့ နှစ်ယောက် လူအများရှေ့မှာပဲ လက်ထပ်ထားကြတဲ့ လူတွေ မဟုတ်တော့ပဲ ထဲထဲဝင်ဝင် ပတ်သက်ကြပြီးပြီ။

ရှောင်းကျန့် ကိုကို မနိုးလာခင် ထ ပြီး ရေသွားချိုးပစ်လိုက်ဖို့ တွေးလိုက်သည်။

' ပေါင်ပေါင်း !!!!!.'

' အ ... ကိုကို ဘာလုပ်တာလဲ။'

ရိပေါ် အိပ်ပျော်နေတုန်း လှုပ်စိ လှုပ်စိ လုပ်နေတဲ့ ပေါင်ပေါင်းကြောင့် နိုးနေပြီ ဖြစ်သည်။ ပေါင်ပေါင်း ဘာဆက်လုပ်မလဲ သိချင်လို့သာ အိပ်ချင်ယောင်ဆောင်နေခဲ့တာ။

ရိပေါ် သူ မနိုးသေးဘူး ထင်ပြီး ထ သွားဖို့ လုပ်နေတဲ့ ပေါင်ပေါင်းကို သူ့ရင်ခွင်ထဲ ပြန်ဆွဲချလိုက်သည်။

' ဘယ်သွားမှာလဲ။ အစောကြီး ရှိသေးတာကို။'

' ဖယ်ပါ။ မစောတော့ဘူး။ ၆ နာရီ ရှိပြီ။'

' အာ ... အဲ့ဒါ စောသေးတယ်။ မား တောင် နိုးအုံးမှာ မဟုတ်သေးဘူး။'

' အားးးး ပေါင်ပေါင်း နာတယ်။'

ရှောင်းကျန့် သူ့ဘာသာ မ ထ ချင်သေးတာကို လူကြီးကိုပါ အပျင်းကြီးသလို ပြောလာတဲ့ ကိုကို ကြောင့် ဗိုက်ကြော ဆွဲလိမ်ပစ်လိုက်သည်။

' အဲ့ဒါ လူကြီးကို ပြောလို့ ...'

' လာခဲ့ ....'

' အာ .... ဘာလုပ်တာလဲ။ ရေသွားချိုးတော့မလို့ ပါဆို။'

ရှောင်းကျန့် သူ့ကို ထပ်ဆွဲလိုက်တဲ့ ကိုကိုကြောင့် ကို့ယို့ ကားယားနဲ့ ကိုကို့အပေါ် ထပ်ရက် ပြန်ကျသွားရသည်။

' ပြီးမှ ချိုး။'

ရိပေါ် သူ့ရင်ခွင်ထဲကို ရှိနေတဲ့ ပေါင်ပေါင်းကို သူ့လက်မောင်းပေါ် ပြန်တင်လိုက်ပြီး ကျန်လက်တစ်ဖက်ကလည်း ဖက်ပြီး မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။

ရိပေါ် သူ့ကို ဖက်ထားတဲ့ ကိုကို့ကို ပြန်မော့ကြည့်ပြီး ....

' ကျနော်တို့ ဟန်းနီးမွန်း သွားအုံးမှာလား။'

' ဘာလို့လဲ ... ပေါင်ပေါင်း မသွားချင်တော့ဘူးလား။'

Blind Date  ( Completed )Where stories live. Discover now