Ep - 23

1.5K 123 0
                                    

' မီးမီး ... လာ ဒီမှာ ဖွားဖွား ဖုန်းခေါ်လာတယ်။'

' ဖွားဖွား .... ပြန်လာသေးဘူးလား။'

' လာတော့မှာ။ ပြန်လာတော့မှာနော်။'

' မားက ကိုးရီးယားမှာ တော်တော် ပျော်နေပြီလား။'

' ပျော်ပါ့။ အဖွားက မား နဲ့ ဝမ်မားကို နေ့တိုင်း အပြင်လိုက်ပို့တယ်။ ဒီမှာကြည့် ....'

ရှောင်းကျန့် မား ထောင်ပြလာတဲ့ လက်တွေ ဖုန်းနဲ့ ပြတဲ့ ခြေထောက်တွေကို ကြည့်လိုက်တော့ ခြေသည်း လက်သည်းတွေမှာ အလှပြင်ထားတာ တွေ့ရသည်။

' ဖွားဖွား .... မီးမီးလည်း အဲ့လို လုပ်ချင်တယ်။'

' ဖွားဖွား ပြန်လာရင် အဲ့လို လှလှတွေ ဝယ်လာပေးမယ်နော်။'

' ကော်ကော် မီးမီး ဖွားဖွား ဆီ သွားချင်တယ်။'

' အမ် .... မရဘူးလေ။ ကားနဲ့ ခနလေး ရောက်သွားရအောင် မီးမီး သွားနေတဲ့ မူကြိုမှ မဟုတ်တာ။'

' ဟင့် .... မီးမီးလည်း ဖွားဖွားလို ဒီမှာ ဒီမှာ တွေမှာ လှလှ လုပ်ချင်တယ်။'

' အဟင်းးး ဟင်းးးးး...'

ရှောင်းကျန့် သူ့ခြေလေး လက်လေးတွေ လာ ထိုးပြနေတဲ့ မီးမီး ကို ကြည့်ပြီး ရယ် နေတဲ့ မားကိုပဲ မျက်စောင် ထိုးလိုက်တော့သည်။ သူကျ အဝေးမှာ နေပြီး ကလေး လိုက်လုပ်ချင်အောင် လုပ်ပြနေတာ။ ဒီမှာ အနီးကပ် ထိန်းရမယ့်လူက သေတော့မယ်။

' ဒါနဲ့ အိမ်မှာ တိတ်နေပါလား။ ဘယ်သူမှ မရှိဘူးလား။'

' ဟုတ် ။ ကိုကိုက အလုပ်သွားတယ်။ မိန်မိန်က သူ့ကောင်လေး လာခေါ်သွားတယ်။'

' တနင်္ဂနွေ နေ့ကို သားရိပေါ်က အလုပ် သွားသေးတာလား။'

' ဟုတ် မား။ ခုတလော ဆိုက် တစ်ခုက ပြဿနာတွေ ခန ခန တက်နေလို့ အဲ့ဒါ သူ နေ့တိုင်း သွားကြည့်နေရတာ။'

' ဪ ... အင်းပါ။ မိန်မိန်က သူ့ကောင်လေး နဲ့က အဆင်ပြေသွားပြီလား။'

' ပြေပြီ ထင်တာပဲ။ ခုတလော အလုပ်က ပြန်ရင် လိုက်ပို့တာ တွေ့ရတယ်။'

' အင်း ပြေသွားလည်း ကောင်းပါတယ်။ ကောင်လေးက မဆိုးပါဘူး။ သမီးကို တကယ် ချစ်တဲ့ပုံပါ။'

Blind Date  ( Completed )Where stories live. Discover now