Ep - 4

2.8K 239 5
                                    

' Happy Birthday!!! သား။'

' ကျေးဇူး မား။'

' လာ ... သက်ရှည်ခေါက်ဆွဲ လာစား။'

ရိပေါ် လက်ထဲက အိတ်ကို ထိုင်ခုံတစ်ခုံမှာ တင်လိုက်ပြီး မား ပြင်ပေးထားတဲ့ ခေါက်ဆွဲ ပန်းကန်ရှေ့မှာ ထိုင်လိုက်တယ်။

' သား က ဒီနေ့ အလုပ် သွားအုံးမှာလား။ ကိုယ့် မွေးနေ့မှာ တစ်ရက်လောက် နားလိုက်တာ မဟုတ်ဘူး။'

' မနားတော့ဘူး သား ကန်ထရိုက်တာနဲ့လည်း ချိန်းထားသေးတယ်။'

' မား မုန့်တွေပါ လုပ်ထားတယ်။ အဲ့ဒါ ဟိုနေ့က သား အိမ်ကို ခေါ်လာတဲ့ ကလေးမလေး ဆီ သွားပို့ပြီးမှ အလုပ် သွားလိုက်ပါလား။'

ရိပေါ် နားရွက် ပိုထောင် သွားရတယ်။ သူကိုက အဲ့တူဝရီးနဲ့ ရေစက် တော်တော် ပါတယ်ထင်တယ်။ အကြောင်း အမျိုးမျိုးနဲ့ကို တွေ့ရဖို့ အကြောင်း ဖန်လာနေတော့တာပဲ။

' ဟုတ်။ သား သွားရင် ဝင်ပေးပြီး သွားလိုက်မယ်။'
~~~~~~~~
' ကျန့်ကျန့် !!!! နင် ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း ....'

' ဟုတ်တယ်။ မား သားကို အိမ်ထောင်ဖက် ထပ်သွားတွေ့ခိုင်းရင် သား ယောကျာ်းပဲ ယူလိုက်မှာ။'

' အေး ... ယူချင်တာ ယူ အဓိက နင် အိမ်ထောင်ကျဖို့ပဲ လိုတယ်။'

' ဟင် !!!! မား မလန့်သွားဘူးလား။ သား ယောကျာ်း ယူမယ် ပြောတာလေ...'

' ဘာလန့်ရမှာလဲ... နင် ယောကျာ်းလေး ယူမယ်ဆိုရင်တောင် နင် ချေးများ နေပုံနဲ့ ရမှာလည်း မဟုတ်ဘူးလေ။ ပြီးတော့ ဒီခေတ်ကြီးမှာ ယောကျာ်းလေးချင်း မိန်းကလေးချင်း ကြိုက်တာတွေ မြင်၊ သိ နေရတာပဲ။'

' ဒါဆို မား ပါ အဲ့လိုတွေ သိတာလား။'

' သိတယ်။ ငါ့သူငယ်ချင်းတွေလည်း အကုန်သိနေကြတယ်လေ။ အဲ့ဒါကြောင့် ငါ တစ်ယောက်တည်း ကွက်ပြီး မသိရင် သူတို့ စကား ဝိုင်းထဲ ဘယ်ဝင်ပါလို့ ရတော့မလဲ။ အဲ့ဒါကြောင့် လေ့လာထားရတာ။'

ရှောင်းကျန့် မား ကိုတော့ လက်လန်သွားရပါတယ်။ သူတောင် မနေ့ကမှ သိတဲ့ ကိစ္စကို မားက သိနေပြီးသားတဲ့။

' မား ၊ ကောကော ....'

' ကော်ကော် ...'

' မီးမီး လာ .... မနက်စာ လာစား။'

Blind Date  ( Completed )Where stories live. Discover now