Ep - 25 ( Final )

3.3K 158 9
                                    

ပေကျင်း လေဆိပ် ထဲမှ အနက်ရောင် မော်ဒယ်မြင့် ကား တစ်စီး ထွက်လာသည်။

' မား ဝမ်အိမ်ကိုပဲ လိုက်ခဲ့အုံးမလား။'

' မလိုက်တော့ဘူးလေ။ မား နားချင်ပြီ။'

' ဒါဆို သား ဝမ်မားကို လိုက်ပို့ပြီးမှ အိမ်ကို လိုက်ပို့ပေးမယ်။'

' သား ရိပေါ်ပါ လိုက်လာမယ် ထင်နေတာ။'

' ဟုတ် မား။ အစက လိုက်မလို့ပဲ ဒီနေ့ အစည်းဝေး ရှိလို့တဲ့။ အဲ့ဒါ မနက်အစောကြီး အလုပ် သွားလိုက်ရတယ်။'

ရှောင်းကျန့် သူ့ကားကို ဝမ်အိမ်ရှေ့မှာ ရပ်လိုက်တော့ ဝမ်မား ဆင်းသွားပြီး သူပါ လိုက်ဆင်းလိုက်သည်။

' မား အိမ်ထဲ အရင်ဝင်လိုက် သား မားရဲ့ အိတ် ယူခဲ့လိုက်မယ်။'

' ရပါတယ်။ သားရဲ့ မားကိုပဲ လိုက်ပို့လိုက်ပါ။ အိတ်က မလေးပါဘူး။'

' မား ဝင်ပါ။ သား သယ်ခဲ့လိုက်မယ်။'

ရှောင်းကျန့် ကား နောက်ဖုံးက အိတ်ကို ယူပြီး အိမ်ထဲ လိုက်ဝင်ခဲ့လိုက်သည်။

' မား ... အိတ်ကို မားရဲ့ အခန်းထဲ သွားထားလိုက်ပြီ။ သား သွားပြီနော်။'

' အေး အေး သား။'

ရှောင်းကျန့် အိတ် သွားထားပြီး ပြန်ဆင်းလာပြီး ထမင်းစားခန်းထဲမှာ ရေသောက်နေတဲ့ မားကို သွားပြောလိုက်သည်။

~~~~~~~~~

ရှောင်းကျန့် မားရဲ့ အိတ်ကို ဆိုဖာ နား ထားလိုက်ပြီး မား အတွက် ရေ သွားထည့်ပြီး ယူခဲ့လိုက်သည်။

ရှောင်မား သူ့ရှေ့မှာ လာချပေးတဲ့ ရေခွက်ကို လှမ်းယူလိုက်ပြီး....

' မယူလာပေးလည်း ရပါတယ်။ ပြီးရင် မား ကိုယ့်ဘာသာ သွားယူသောက်မှာပေါ့။ သား အလုပ်သွားမှာမလား သွားလေ။'

' ဟုတ် မား။ ဒါဆို သား ညနေမှ ပြန်ဝင်ခဲ့မယ်။'

' အင်း အင်း။ သားရိပေါ်ကိုပါ ခေါ်ခဲ့လေ။ မား ညစာ ပြင်ထားလိုက်မယ်။'

' ဟုတ် မား။'

~~~~~~~~

💌🐰 ကိုကို ညနေကျရင် ကျနော့်အိမ်ပဲ လာလိုက်နော်။ မားက အိမ်မှာ ညစာ လာစားတဲ့။

Blind Date  ( Completed )Where stories live. Discover now