အပိုင်း၁။ နှင်းဆီမြိုင်

3.6K 279 29
                                    

Uni

သစ္စာနွယ်တော်ပျော်မွေ့ရာ~

*အနွယ်ပျော်မွေ့ရာနေရာသည်ကား ဤ (နှင်းဆီမြိုင်)အပျော်စံအိမ်တည်းသာဖြစ် တော့သည်။*

~~~~~~~~~~~~~

အချိန်သည်ကားဝေလီဝေလင်း အာရုံတတ်ချိန်။

မနက်စောစောစီးစီး နှင်းဆီမြိုင်စံအိမ်မှာတော့ မမေရှင်၏ ရှေးရက်စက်သီချင်းသံသည်ကား ရေဒီယိုကနေပျံ့လွှင့်လို့နေပြီဖြစ်သည်။

(လူမြင်ရင်ချစ်ခင်ဖွယ်
ရူပါရုံချောလှတယ်
သဘောကောင်းတဲ့သူလေးရယ်
အတူဆုံ ဖို့ နဖူးစာရေးမယ်..🎶🎶)

သီချင်းသံတစ်ပိုဒ်အဆုံးမှာတော့ ချိုသာလှတဲ့ အသံလေး ထွက်ပေါ်လာတော့သည်။ အသံသာယာသော်ငြားလည်း အသံလေးနဲ့မလိုက်မဖက်စွာ စကားလုံးကြမ်းကြမ်း စီကာပတ်ကုံးထွက်ပေါ်လာတော့သည်။

" မမချို ကတော့ အပျော်စံအိမ်ဆိုတဲ့ဂုဏ်အင်နဲ့မလိုက်မဖက် သီချင်းဖွင့်နေပြန်ပြီ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာမေ့နေပြန်ပြီထင်ပါရဲ့.."

" အယ်မလေးတော် ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ တော် တော်ပဲ ဝေဖန်နေလိုက်တော့ ကျုပ်ကို ဝေဖန်နေတာ ဒီစံအိမ်မှာတော်ပဲရှိတယ်တော်"

မမချိုဆိုသည့်အမျိုးသမီးစီမှ ဇတ်ဇတ်ကြဲအသံထွက်လာသော်ငြားလည်း အသံပိုင်ရှင်အမျိုးသမီးငယ်ကတော့ ဆာကူရာ ပန်းချီဆွဲပေးထားသည့် "ရှင်ဟာလေ" ဆိုသည့် အပြာရုပ်ပြစာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေလေသည်။

" ဟဲ့ဟဲ့ တော့်ကို ဦးရာဇဝင်လာငှားတယ်ဆို"
ဦးရာဇဝင်ဆိုသည့် အမည်ပိုင်ရှင်သည်ကား မြို့၏ သုံးပုံတစ်ပုံ စီးပွားရေးကို အပိုင်စားထားသော သူဌေးကြီးတစ်ခုဦးဖြစ်ပေသည်။ ထိုသူ၏ အမျိုးသမီးကတော့ ဆုံးပါးသွားတာနှစ်အတော်ကြာပြီသတင်းထွက်နေသော်ငြားလည်း ထိုသတင်းကို ဘယ်သူမှအတည်မပြုပေးသောကြောင့်  ထိုသတင်းကိုယုံရနိုးမယုံနိုး ဖြစ်နေသူအများအပြားရှိနေသည်။ ထိုအများအပြားထဲမှာ မမချိုသည်ကား ပါဝင်နေခဲ့ပြန်သည်။

" ဟုတ်တယ်လေ မမချို ညကြရင်လာခေါ်မယ်လို့ သူလူယုံက ပြောတယ်"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now