အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း

1.2K 136 21
                                    

Uni

" သရဲကြီး  အဟင့် ဟန်နီရေ ဟန်နီရေ သရဲကြီး အူးဝါးး"

" မမနွယ်! မမ! ဘယ်ကသရဲတုန်း သျှင်းလေးလေ "

မျက်လုံးစုံမှတ်ပြီးအော်ငိုနေသည့်မမနွယ်ကြောင့် သျှင်းလေး မမနွယ်ကို အော်ခေါ်နေရသည်။

" အူးဝါးး သရဲကြီးက သျှင်းလေးတဲ့ !!"

သျှင်းနာမည်ကိုသရဲက ခေါ်တယ်ဆိုပြီးထပ်တိုးငိုလာသည့်မမနွယ်ကြောင့်သျှင်း အားနေတဲ့လက်တစ်ဖက်နှင့်ကိုယ့်နဖူးကိုယ်တစ်ချက်ပိတ်ရိုက်လိုက်သည်။

" အူးဝါး ! သရဲကြီးက သျှင်းနာမည်ပါသိနေတယ် အူးဝါးး"

" မမနွယ်!! မျက်လုံးဖွင့်ကြည့်ပါဦး တဂယ့်သျှင်းလေးအစစ် ပါဆို "

" မယုံဝူးး သျှင်းလေးအစစ်ဆို မေးခွန်း‌မေးတာကို အဖြေမှန်မှ ယုံမယ် မဟုတ်ရင် အပနှင်ပြီးသရဲမ နင့်ကိုမောင်းထုတ်မယ်!"

သျှင်းလေး တဂယ့်ကို ရူးချင်သွားသည်။ မျက်လုံးစုံမှိတ်ပြီး မေးခွန်းမေးမယ်ဆိုပြီးပြောနေသည်။

" မေး မေး ဘာမေးမှာတုန်း မမနွယ် "

" ဟန်နီတို့နဲ့အပြင်သွားတုန်းက ဘုရားအပြန် ဘာသွားလုပ်ကြသေးလဲ"

" ရုပ်ရှင်သွားကြည့်ကြတယ်လေ မမနွယ်"

" မဟုတ်ဖူးလေဘယ်လမ်းမှာ ဘယ်ရုပ်ရှင်မှာလဲ သည်ဟာမဖြေနိုင်ရင် ဧကန်မုချ သရဲပဲဖြစ်မှာ"

" ဟင်းး

မမနွယ်ရေ သျှင်းတို့ဘုရားအပြန် မွန်ဂိုမာရီလမ်းမယ် ရှိတဲ့ အိတ်ဆဲစီးယား (Excelsior)ရုပ်ရှင်ရုံမှာ ဘိလပ် ကမင်းသမီးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ရေကူးဝတ်စုံဖြင့် မိန်းမလှလေး အဲ့တာကြည့်ခဲ့ကြတယ်လေ "

ပိုပိုသာသာလေးပြောပေးလိုက်သည်။

ထိုအခါမှအတင်းစုံမှိတ်ထားသည့်မျက်လုံးကိုတဖြည်းဖြည်းချင်းဖွင့်လာသည်။

" ဟင် တဂယ်ကြီး သျှင်းလေးပဲ!"

" အဲ့တာကြောင့်မျက်လုံးဖွင့်ကြည့်လိုပြောနေတာကိုမမနွယ်ရ "

" အဟင်း ဟုတ်ပါပြီ ဒါနဲ့သျှင်းလေးက ဒီအချိန်ကြီးမှဘာလို့ ဒီရောက်နေတာတုန်း ညနက်နေပြီလေရော "

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now