အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း

1.3K 122 18
                                    

Uni

" အမေ.."

ချက်ချင်းဆိုသလိုမျက်နှာလွဲပြီးထွက်သွားဖို့လုပ်နေသည့် အမေ့ရဲ့လက်ကိုအတင့်ရဲစွာဆုပ်ကိုင်ထားမိသည်။

" အမေ မသွား မသွားပါနဲ့"

" နင် ငါ့လက်ကို လွှတ်စမ်း ငါ့ကနင့်အမေမဟုတ်ဖူး!"

လက်ကိုကြမ်းတမ်းစွာဖယ်ချပြီးထွက်သွားသောအ‌မေ့နောက်ကိုလိုက်သွားဖို့ပြင်လိုက်ပေမဲ့ခြေအစုံဟာ မက်တပ်ရပ်ဖို့တောင်အနိုင်နိုင်ပင်။ ဘေးနားကတန်းကိုအားယူပြီးပစ်လဲမကျသွားအောင်ထိန်းလိုက်သည်။

ဒီအခြေအနေကိုအများကြီးစိတ်ကူးယဉ်ဖူးတယ်..။

အမေနဲ့ပြန်တွေ့ခဲ့လို့ ရှိရင် ဘာလို့များ ဒီလိုလုပ်ရက်ရတာလဲ။
ဘာဖြစ်လို့များ သမီးကိုတောင်ပစ်ပြီးထွက်သွားနိုင်ရတာလဲ။
ဘာလို့များ ပစ်ပစ်ခါခါထားသွားရတာလဲ..။
မေးခွန်းတွေအများကြီးပြင်ထားပေမယ့် တဂယ်တန်းပြန်တွေ့တော့ စကားလုံးတစ်ခွန်းတောင် သေသေချာချာမပြောဖြစ်ခဲ့။

အံသေသွားသလိုမျိုး စကားတစ်ခွန်းမှထွက်မလာခဲ့တဲ့ သူမကိုယ်သူမ လဲမုန်းမိပါသည်။
ဘာကြောင့်များလဲ တဂယ်ဆို အမေ့ကို မလွှတ်တမ်းဆွဲထားရမှာလေ၊ သို့ပေမဲ့ သူမ မလုပ်နိုင်ခဲ့ဖူး အမေ့ကိုပြန်ဆွဲထားဖို့ရာ သူမ မတတ်နိုင်ခဲ့။

ရက်စက်ပါပေ့ကံကြမ္မာရယ်။
ဒီလိုမျိုးကြုံတွေရမယ်ဆို ဘာလို့များ အမေ့ကို သူမထံနောက်တစ်ခေါက်ဆုံတွေ့ရအောင်လုပ်ပေးလိုက်တာလဲ။ မေ့ချင်ယောင်ဆောင်ပြီး နေနေတဲ့သူမရဲ့ဘဝလေးက အခုမှအတိတ်ဒဏ်ရာတွေအနည်ထိုင်ခါစ ရှိသေးတာလေ၊ ဘာကြောင့်များ ဘာကြောင့်များ ထပ်ပေါ်လာပြီး အတိတ်တွေကိုပြန်တူးဖော်လိုက်ရတာလဲ။

ရေစက်ပြတ်ပါပြီလို့ အကြိမ်ကြိမ်ဟစ်ကြွေးလဲ တဂယ်တည်းတွေ့ပေတော့  နှလုံးသားထဲက နာကျင်မှုက ပိုတိုးလို့လာပေသည်။ သံယောဇဉ်မရှိတော့ဘူး၊ မနာကျင်တော့ဘူးလို့ ဟစ်ကြွေးထားပေမယ့် သံယောဇဉ်မပြတ်နိုင်တာ သူမပါလေ ။ မွေးမိခင်ဖြစ်တဲ့ ဒေါ်ငွေစံပယ်ခင်ကတော့ သူမကို ပစ်ပစ်ခါထားသွားနိုင်ပါတယ်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now