အပိုင်း၁၃။ သွေးကြွေး

1.5K 158 23
                                    

Uni
နှင်းဆီမြိုင်စံအိမ်ရှေ့ကားထိုးရပ်သွားသည်
ထိစကားတစ်ခွန်းမှမပြောလာသည့် ဟန်နီကြောင့် အနွယ်အင်တင်တင်ဖြစ်နေရသည်။

" ဟန်နီ"

" ဟန်နီ"

"ဟင် ပြောလေ "

" အနွယ် အိမ်ထဲဝင်တော့မယ်လို့ "

" အိုကွယ် ဟုတ်သားပဲ ဟန်နီဘိလပ်က အလုပ်အကြောင်းစဉ်းစားနေရင်း အတွေးလွန်သွားတာနဲ့ မေ့နေတာ ဆောရီးနော်"

" ဆောရီး.."

သူ့အသံနောက်ကသံယောင်လိုက်ပြောလာသည့်ကလေးမကြောင့်မုန်းခပ်ဟဟရီမိသည်။

" ဆောရီးဆိုတာ ဘိလပ်ဆို တောင်းပန်ပါတယ်လို့အဓိပ္ပါယ်သက်ရောက်တယ် နွယ်"

" ဪ အဲ့သလိုကိုး  ဒါဆိုရင်ဖြင့် အနွယ့်ကိုခွင့်ပြုပါဦးနော်"

" ဟုတ်ကဲ့ပါရှင်"

မုန်း ဓာတ်စက်လေးကိုပိုက်ပြီး အိမ်ထဲလှုပ်တုပ်လှုပ်တုပ်ဝင်သွားတဲ့ကလေးမကို ကြည့်ပြီးမှ ထိုနေရာကနေ ကားပြန်မောင်းထွက်လာခဲ့သည်။

" အား မမချို!"
အနွယ် အိမ်ထဲဝင်ဝင်ခြင်း မမချို ၏ ဆံပင်ဖျားလျားကြီးချပြီး စောင့်နေသည့်ပုံကြောင့်ရင်တွေပန်းတွေတောင်တုန်သွားရသည်။

" လိပ်ပြာလွင့် သွားတော့မှာပဲ "

"  အယ် လိပ်ပြာလေးရေ ကလူ ကလူ ပြန်လာလေ!"

" လိပ်ပြာမလွင့်ဖူး ရပြီတော် မမချို ဆံပင်ဖားလျားကြီးချပြီးဘာလုပ်နေတာတုန်း "

" ကျုပ် ခေါင်းလျော်ထားတာအေ "

" ညကြီးမိုးချုပ်မှ မမချိုရယ် တော်ကြာအအေးမိနေဦးမယ်"

" တော်လေး ကျုပ်ကိုစိတ်ပူနေတာလား"

ပြောင်စပ်စပ်မျက်နှာပေးဖြင့်မေးလာသည်။

" မဟုတ်ပေါင် တော်ကြာ အအေးမိပြီးသေသွားရင် အမွေမရလိုက်မှာဆိုးလို့"

" တယ် ဒီကလေးမ ရော့ဟယ်"

ကြည်စားသည်ကိုစိတ်မဆိုးပဲလက်ဖြင့်ခေါင်းကို ခပ်ဖွဖွထုလာသည်။

" ကဲ ညည်းရွာပြန်တာ ကျုပ်အတွက်ဘာပါတုန်း "

" အကြွေးတွေပဲပါလာတယ်ယူမလား မမချို"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now